Sugar & Candy (Part-28)}U

6.5K 351 20
                                    

ရိပေါ်အခန်းထဲမှာ မိတ်ကပ်လိမ်းနေစဥ် လက်နှစ်ဖက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း  ဘေးနားကရပ်ကြည့်နေတဲ့ မျန်မျန့်ကို

"ကျဲ  ကိုကိုရောဟင်"

"ရှောင်းကျန့်က  ဟိုဘက်အခန်းမှာ ပြင်နေပြီပေါ့
ရိပေါ်ရဲ့ ဘာလဲ လွမ်းနေပြီလား?"

"ဟီး  ဟိုကိုကို မနိုးသေးမှာဆိုးလို့ပါ"

မျန်မျန့်က ပြုံးစိစိနဲ့ကြည့်နေတော့  ရိပေါ် လည်ပင်းလေးကိုအသာပွတ်ရင်း  ခေါင်းလေးငုံသွားသည်။

ညကလည်း  မနက်အတွက်ရင်ခုန်နေတာနဲ့ ၂ယောက်လုံးအိပ်မပျော်  ခုလည်း ၃နာရီထိုးကထဲက ပြင်ဆင်ရမယ်ဆိုပြီး  မျန်မျန်ကျဲကရောက်လာတော့ မျက်နှာသစ်ကာ တစ်ဖက်ခန်းကို လိုက်လာရသည် ။ ကိုကိုကအိပ်မောကျနေတာမို့မနိုးခဲ့ပေ။

တစ်ဖက်ကရှောင်းကျန့်ကတော့

"ရှောင်းကျန့်!!!!!!!!!!!"

~ဝုန်းး~

"ဟင် ဟင် ဘာဖြစ်တာလဲ "

လက်ကလဲ ဘေးက ကလေးကိုစမ်းတော့ မတွေ့
ရှီးချန်အသံ နဲ့တင် အိပ်ချင်ပြေရာက ဆံပင်မွေးတွေပါထောင်လာသလိုပဲ

"ရှီးးရှီးချန် ကလေးရော"

"မင့် လင့်လေးက ဟိုဘက်ခန်းမှာပြင်နေပြီ
မသာကောင် မင်္ဂလာဆောင်မှာကိုတော့သတိရရဲ့ လား ကုလားသေကုလားမော အိပ်နေတာကို"

"အိုက်ယား  ဘယ်နှာရီရှိပြီလဲ ?"

"၅နာရီ!"

"ဘာ!  မင်းခုမှနိုးရလား  "

ပြော​ရင်း  ခေါင်းစုပ်ဖွားနဲ့ အခန်းအပြင်ဘက်ထွက်တော့မဲ့ ရှောင်းကျန့်ကို အတင်းဆွဲရင်း

" ဒါ ဒါက ဘယ်တုန်းဟ"

"ရိပေါ်စီလေ"

"မျက်နှာသစ်အုန်း နောက်ပြီးသွားလို့မရသေးဘူး"

"ဟမ်! ဘာလို့တုန်း"

"မျန်မျန် ပြောထားတယ် မင်္ဂလာချိန်မှ တွေ့ရမယ်တဲ့ ငါတောင်စောစောက ရိပေါ်လေးကြည့်ချင်လို့ဝင်တာ အတင်းနှင်ပြီး  အခန်းလော့ချထားတယ်"

"ဘာ!ငါရိ‌ေပါ်ကို အိပ်ယာနိုးထဲက မတွေ့ရသေးဘူးလေးကွာ  "

"မင်းဘာသာသေနေတာလေ"

Sugar man & Canday Boy{Unicode & Zawgyi}CompleteOnde histórias criam vida. Descubra agora