2:00 PM
ရိပေါ် ကားပေါ်ကအပြေးလေးဆင်းပြီး ကုမ္ပဏီထဲဝင်သွားသည်။ ကားလမ်းတွေပိတ်နေတာတွေနဲ့ ကိုကိုထမင်းစားဖို့နောက်ကျနေပြီ။
ဧည့်တွေ့ကောင်တာကအမကိုလည်း ကိုကို့ကို အကြောင်းမကြားဖို့ပြောရသေးတယ် ။
ရုံးခန်းကို အသွား လမ်းချိုးမှာ ရိပေါ် ခြေလမ်းတွေရပ်တန့်သွားသည်။
သူနှင့် မျက်နှာချင်းဆိုင်မှာ ဖုန်းပြောရင်းလာနေတဲ့ စီယန်
/ရိပေါ် ကိုယ်ကိုနံရံနဲ့ကွယ်နေလိုက်တော့ စီယန်သူ့ကိုမမြင်ပဲ ကိုကို့ရုံးခန်းထဲဝင်သွားလေရဲ့
သူများတွေပြောတာ တကယ်ဖြစ်နေပြီလားကိုကို
ရိပေါ် ခေါင်းလေးကိုအတင်းခါရင်း"အလုပ်ကိစ္စရှိလို့ပဲနေမှာပါ"
လေးပင်တဲ့ခြေလှမ်းတွေနဲ့ ရုံးခန်းရှေ့ရောက်တော့ တံခါးခေါက်မြည်အပြု့
ရယ်သံလွင်လွင်ကလေးနဲ့ တံခါးပွင့်လာလေရဲ့ တံခါးရှေ့မှာ ထမင်းဗူးလေးကိုင်ကာ ရပ်နေတဲ့ ရိပေါ်ကိုမြင်တော့"ရိပေါ် !"
အံ့သြသွားတာလား မဟုတ်တာလုပ်ပြီးလူမိသွားတာလားပဲကိုကိုရယ်
စီယန်ကျဲက ကိုကို့လက်မောင်းကို တွဲထားတယ်လို့မြင်လိုက်တာကတော့ ကျွန်တော် မျက်စိမမှားဘူးထင်ပါရဲ့။ရိပေါ် နှုတ်ခမ်းလေးကွေးတက်သွားအောင်ပြုံးပြရင်း
"အင်း ကိုကို့အတွက် ထမင်းဗူးလာပို့တာ စီယန်ကျဲလည်းရောက်နေတာလား?"
"နိဟောင် ရိပေါ် စောစောကပဲကျဲရောက်တာ"
" အိမ်နေပဲနေတာမဟုတ်ဘူးကွာ"
ရိပေါ် မျက်တောင်လေးကိုပုတ်ခပ်ပုတ်ခပ်လုပ်ကာ အောက်နှုတ်ခမ်းလေးကို ခပ် စစတစ်ချက် ဖိကိုက်လိုက်ရင်း
"ကိုကို စားတော့မလား ကျွန်တော်ပြင်ပေးမယ်လေ"
"ကိုယ် စီယန်နဲ့ အပြင်သွားစရာရှိတယ်ကလေး မစားတော့ဘူး အပြင်မှာပဲစားတော့မယ်"
"အ့ဆို ကျွန်တော် ကိုကိုပြန်လာတဲ့ထိစောင့်မယ်လေနော် ကိုကိုနဲ့အတူတူပြန်ချင်လို့"
"အင်းးးး ကိုယ့်ရုံးခန်းထဲနေခဲ့ ပြီးရင်ပြန်လာခေါ်မယ် "
YOU ARE READING
Sugar man & Canday Boy{Unicode & Zawgyi}Complete
FantasyXiao Zhan -seme Yibo -uke (Zhanyi)