မွတ်မွတ်သိပ်သိပ်နမ်းနေရင်း အဝတ်တွေပေါ်ကနေကျူးကျော်နေရတဲ့လက်တွေကိုအားမရတာမို့
နှုတ်ခမ်းချင်းခွါလိုက်ပြီး အကျီချွတ်တော့
ရိပေါ်ကအလိုက်တသိနဲ့ လက်လေးးမြှောက်ပေးသည်။ကိုယ်တိုင်လည်းအကျီကြယ်သီးတွေကို အကုန်ဖြုတ်ပြီးရင်ဘတ်ကိုခွဲထားလိုက်သည်။
အဝတ်မရှိတော့တဲ့ ကိုယ်လေးနဲ့ရိပေါ်က
ခုတင်ပေါ်မှာ လှဲရင်း ရှောင်းကျန့် လုပ်သမျှကိုကြည့်နေရင်း ကြယ်သီးတွေပဲဖြုတ်ထားတာမို့"ကိုကို...ကျွန်တော်...အကျီချွတ်ပေးရမလား...?"
စကားပြန်မပြောပဲ
ရှောင်းကျန့်ရိပေါ်အပေါ်ကိုအုပ်မိုးလာကာထင်းနေတဲ့ညှပ်ရိုးလေးတွေကို နမ်းရင်း
"ပိန်သွားလိုက်တာကလေးရာ..."
နဂို သေးသေးလေးကပိန်သွားတော့
တကယ့်မှ သေးသေးကွေးကွေးလေးကျန်တော့သည်။အကျီအပြည့်နဲ့တုန်းက ပါးလေးသိသိသာသာပိန်သွားတာလို့ပဲထင်ခဲ့တာ အကျီမပါတော့မှ
ခါးသေးသေးလေးနဲ့ပိုးဟပ်ဖြူလေးသူ့ကိုကြည့်ပြီး အတွေးလွန်နေတဲ့ကိုကိုကြောင့်
"ပိန်တော့ရော်...ကိုကိုကမချစ်ဘူးလား...?"
"ကိုယ့်ကြောင့်...ကိုယ်ဂရုမစိုက်ခဲ့လို့...."
"ကိုကို..."
"တောင်းပန်ပါတယ်...."
ကိုယ်ပေါ်ကနေ ဘေးကိုလှိမ့်ဆင်းသွားတာမို့
ကိုကို့ဘက်ကို လိုက်စောင်းကာအကျီလွတ်နေတဲ့ ရင်ဘတ်ပေါ်ကို မျက်နှာအပ်ကာ ထပ်လှဲလိုက်တော့ ကိုကိုကခေါင်းကိုဖွဖွပွတ်ပေးသည်။"ကိုကို့အမှားမဟုတ်ပါဘူး...အားလုံးကဖြစ်ချိန်တန်လို့ဖြစ်ခဲ့တာလို့ပဲတွေးပါ...ခုကိုကိုနဲ့ကျွန်တော်အတူရှိနေပြီလေ...စိတ်မကောင်းမဖြစ်ပါနဲ့တော့နော်..."
"ကလေးလေး..."
"ဗျာ..."
"ဟိုမှာနေခဲ့တုန်းက အရမ်းခက်ခဲခဲ့လားဟင်..."
"ကိုကိုရယ် သားရယ်နဲ့ဝေးနေရတာကလွဲရင်
အဆင်ပြေပါတယ်...""နေမကောင်းတာတွေရော...ဖြစ်သေးလား...?
ကိုယ့်ကလေးလေး...သေးသေးလေးပဲကျန်တော့တယ်..."
ESTÁS LEYENDO
Sugar man & Canday Boy{Unicode & Zawgyi}Complete
FantasíaXiao Zhan -seme Yibo -uke (Zhanyi)