''တစ်နာရီမိုင် ၈၀နှုန်းတိုက်ခတ်နေသော
မုန်တိုင်းကြောင့်...ပင်လယ်ကမ်းရိုးတန်းဒေသတွင် လေပြင်းများတိုက်ခတ်ပြီး...လှိုင်းကြီးနေပါသဖြင့်...
ကျွန်းပေါ်သို့ သွားရောက်မည့်...လေကြောင်းလမ်းနှင့်ရေကြောင်းလမ်းများကို...ယာယီပိတ်ဆို့ထားမည်...ဖြစ်ပါသည်....''
မိုးလေဝသ သတင်းကိုပိတ်လိုက်ပြီး"တောက်!!!"
လေပြင်းတိုက်ပြီး ရာသီဥတုကအေးနေပေမဲ့
ရှောင်းကျန့် ရင်ထဲတထိတ်ထိတ်ပင်မုန်တိုင်းကအဖျားခတ်တာမို့ မိုးတွေသည်းနေပြီး
ဖုန်းလိုင်းတွေလည်းပျောက်နေသည်။ရှောင်းကျန့် ကုမ္ပဏီက ပြန်ပြီး ရိပေါ်စီတန်းလိုက်သွားဖို့အားလုံးစီစဥ်ပြီးခါမှ ဥတုကဖျက်တယ်...
ကိုယ်ပိုင် ဂျက် ဆိုစေကာမှု လေကြောင်းလမ်းပိတ်ထားသဖြင့် သွား၍ကမရ
အဆင်ပြေရဲ့လားမေးဖို့လည်းဖုန်းကဆက်မရ
တစ်ည ရိပေါ်မရှိတဲ့ တစ်ညကို
ဘယ်လိုဖြတ်သန်းရမှာလဲ...စဥ်းစားလို့တောင်မရပါ"အားဝမ်...ပြတင်းပေါက်ကိုပိတ်ထားလေ...
အော်...ဒီကလေးနှယ် ...
လေတွေဒီလေါက်တိုက်နေတာကို.."မျက်နှာလေးညိုးပြီး ဒူးကိုပိုက်ကာပြတင်းပေါက်ကနေ အိမ်ပေါက်ဝကို လှမ်းကြည့်နေတဲ့ ရိပေါ်
ပြတင်းပေါက်ကိုပိတ်လိုက်ပြီး စောင်လေးခြုံပေးရင်း
"သခင်လေး...ဒီညတော့ လာလို့မရတော့ဘူးလေ
အားဝမ်ရဲ့...မနက်ကျရင် လေလည်းငြိမ်သွားမှာပါ...
အ့ခါကျ...သခင်လေးက...အားဝမ်စီတန်းလာမှာပေါ့...ခုအိပ်တော့နော်...တော်ကြာ သခင်လေးကမနက်အစောကြီးရောက်လာရင်...အိပ်ရေးမဝပဲနေမယ်...""ကျဲ...မနက်ကျ ကိုကို... တကယ်လာလို့ရမှာပါနော်..."
"ရမှာပေါ့ ...အားဝမ်ရဲ့...ခုတောင်လေကသိပ်မပြင်းတော့ဘူးလေ...အိပ်တော့နော်...တအားညဥ့်နက်နေပြီ..."
"ဟုတ်..."
အိပ်ယာခင်းပေးပြီး လီလီထွက်သွားတော့ ရိပေါ်
ဗီရိုထဲက နောက်ထပ်ခေါင်အုန်းတစ်လုံးထုတ်ပြီး
ဘေးချင်းယှဥ်ထားလိုက်သည်။
YOU ARE READING
Sugar man & Canday Boy{Unicode & Zawgyi}Complete
FantasyXiao Zhan -seme Yibo -uke (Zhanyi)