"မျန်မျန်ကျဲ...
ကိုကိုအလုပ်တွေအရမ်းများနေလားဟင်...?""ဟို...အင်း...ဟုတ်တယ်
ရိပေါ်လေးရဲ့...သူ့ကုမ္ပဏီက
ဝန်းထမ်းတွေအကုန်လုံးလည်း...
overtimeဆင်းနေရတာ...နှစ်ကုန်ခါနီးတော့လေ...
ဟဲ...ဟဲ..."နှုတ်ခမ်းလေးကိုက်ကာ
ခေါင်းလေးတစ်ဆက်ဆက်ငြိမ့်ရင်း"အော်...အဲ့ကြောင့်...
ရိပေါ်စီပြန်မလာသေးတာနေမှာ...""အင်းပေါ့...
နေရတာအဆင်ပြေရဲ့လားရိပေါ်လေး...
ဟိုအနံ့တွေရောရသေးလား...""မရတော့ဘူးကျဲ...ဟိုလေ..."
"အင်း...ကျဲကိုဘာပြောစရာရှိလို့လဲ...?"
"ရှီးချန်ကောကကားစီးလို့
မရဘူးပြောထားတော့...လိုက်သွားလို့လဲမရဘူး
ကိုကိုနဲ့တွေ့ရင်ပြော ပေးပါလားဟင်...
ရိပေါ်...ကိုကို့ကိုစောင့်နေတယ်လို့လေ..."စကားအဖျားလေး သိပ်ဝင်သွားတာက
ကြားနိုင်တယ်ဆိုရုံမျှလေးမျက်တောင်လေးကပုတ်ခက်ပုတ်ခက်နှင့်
အနားကိုသွားကာ ရိပေါ်ခေါင်းလေးကို
ရင်ခွင်ထဲထည့်ပြီး ကိုယ်တိုင်လည်းကျတော့မယ့်
မျက်ရည်လေးကို အမြန်သုတ်လိုက်သည်။ဆံပင်လေးကိုသပ်ပေးပြီး
"ပြောပေးမှာပေါ့ ...ရှောင်းကျန့်လည်း
ရိပေါ်စီအမြန်လာချင်နေတာပါ...
သူပြန်လာတော့မှာပါနော်..."မျန်မျန်ပြန်သွားတော့
ယိုင်နှဲ့နှဲ့ကိုယ်လေးနဲ့ အိပ်ရာကထလာပြီး
အဝတ်ဗီရိုစီ အကျီတန်းက ကိုကို့အကျီတစ်ထည်ကို
ယူလိုက်ပြီး ကိုယ်ပေါ်မှာထပ်ဝတ်လိုက်သည်။အတားအစီးမရှိကျလာတဲ့ မျက်ရည်တွေကိုသုတ်ပြီး
"ကိုကို...အင့်... နေပြန်ကောင်းလာရင်
ကိုကို့ကို လာရှာပြီး တောင်းပန်မှာမလို့...
အချိန်နည်းနည်းလေးပဲစောင့်ပေးပါ...""အားဝမ်...ငိုနေပြန်ပြီ..."
လီလီကိုကျောပေးရပ်လိုက်ပြီး
"အင့်...ဟင့်အင်...မငိုပါဘူး...
ရိပေါ်က ဘာလို့ငိုရမှာလဲ..."အဝတ်ဘီရိုနားမှာရပ်နေတဲ့
ကျောပြင်လေးက တသိမ့်သိမ့်တုန်နေတာတောင်
မငိုဘူးတဲ့
ESTÁS LEYENDO
Sugar man & Canday Boy{Unicode & Zawgyi}Complete
FantasíaXiao Zhan -seme Yibo -uke (Zhanyi)