ရိပေါ် အိပ်ယာပေါ်မှာ ပျင်းကြောဆန့်ရင်း ရေချိုးခန်းထဲဝင်သွားတဲ့ ရှောင်ကျန့်ကိုစောင့်နေလိုက်သည် ထွက်လာရင်မျက်နှာသစ်ခိုင်းရအောင်လို့
~တင်!~
ခေါင်းအုန်းဘေးကဖုန်းယူကြည့်တော့ new story update ဆိုပြီး noti တက်လာသည်။ ရိပေါ် devil ပြုံးပြုံးပြီး ဝုန်းခနဲပဲ စောင်ခြုံထဲကို ။
ရှောင်ကျန့် မျက်နှာသစ်ပြီးထွက်လာတော့ စောင်ခြုံထဲကလုံးလုံးကလေး တစ်လှုပ်လှုပ်နဲ့ ဘာတွေသဘောနေတယ်မသိ {နင့်ကလေး စောင်ကိုက်နေတာ😒😒}
ခုတင်ပေါ် တင်တလွဲထိုင်ကာ စောင်ကိုဆွဲရင်း
"ကလေး မျက်နှာသစ်တော့လေကွာ"
"ဟိ ကိုကို ခဏလေးပဲ ဟိ"
"ဘာတွေသဘောကျနေတာလဲကွ"
စောင်ကို ဖိထားတော့ဆွဲလို့မရ မရတဲ့အဆုံး စောင်ကိုမကာအထဲအတင်းဝင်တော့
"အားးး!ကိုကို!"
ပြူးတူးပြာတာလေးနဲ့ အော်ရင်း ဖုန်းကိုဖင်အောက်ခုချနေရဲ့
"ဘာဖြစ်တာလဲ ကလေးရဲ့ ကိုယ်မသိအောင်ဘာမဟုတ်တာတွေလုပ်နေလဲ?"
"မ မလုပ်ပါဘူးကိုကိုရဲ့ "
ရှောင်ကျန့် စောင်ကိုဖယ်လိုက်တော့ စောင်နဲ့အတူကပ်ပါလာတဲ့ ဆံပင်လေးက ဖွာခနဲ မျက်နှာအစ်အစ်ကလေးကလည်း ရဲလို့ တကယ်ကိုချစ်စရာလေး
"ဖုန်းပြ"
"ဟမ်!"
"ကိုယ့်ကို ကလေးဖုန်းပြလို့"
ဖင်အောက်ခုထိုင်ထားတဲ့ဖုန်းလေးကို လက်နဲ့ပါကိုင်ထားလိုက်ရင်း
"ဘာ မှ မ လုပ် ပါဘူးကိုကိုရဲ့ သူငယ်ချင်းနဲ့စကားပြောနေတာ"
ရှောင်ကျန့် မျက်မှောင်ကျုံ့လိုက်ရင်း
"ဘယ်သူငယ်ချင်းလဲ ကိုယ်သိလို့မဖြစ်တဲ့စကားတွေမလို့လား?"
ပြောပြီး ခုတင်ပေါ်က ဆင်းဖို့ပြင်နေတဲ့ကိုကို
သွားပြီ လိမ်လိုက်ခါမှ စိတ်ပါဆိုးတော့တဲ့ကိုကိုရယ်ပါ
ရိပေါ် ကိုယ့်ကိုယ်ကို ကျိန်ဆဲလိုက်ရင်း
YOU ARE READING
Sugar man & Canday Boy{Unicode & Zawgyi}Complete
FantasyXiao Zhan -seme Yibo -uke (Zhanyi)