'တင်´
စာဝင်လာတဲ့ဖုန်းကို တစ်ချက်ပဲကြည့်ပြီး
၅ကြိမ်မြောက် ပြန်ချထားလိုက်သည်။"zhan ge က လည်းအူတိုလိုက်တာ "
"ဟီးးထားလိုက်ပါ လာ ဆက်ကျင့်ရအောင်
ရတော့မှာ ခဏလေးပဲ""ge လူကိုပိုင်ပြီးရော"
ရိပေါ် ထမင်းစားပြီးကထဲကဖန့်ဖန့်အခန်းထဲ
ပြန်လိုက်လာရင်း အခန်းထောင့်က skateboard
တွေကိုတွေ့ပြီးတော့ နှစ်ယောက်သားစကားကျကာ
Youtube က ဗီဒီယိုတွေရှာပြီး skate အစီးကျင့်နေကျသည်။
ဖန့်ဖန့် အခန်းက တော်တော်ကျယ်တာမို့ အဆင်ပြေလှသည်။ဖန့်ဖန့်နဲ့က ဝါသနာတူပြီး စကားပြောပွင့်လင်းတာကြောင့်
ရိပေါ် မပျင်းရ။'တင်!´
"ကဲ ! ge ရေ "
ရိပေါ် မပြောနဲ့ဆိုတဲ့ သဘောနဲ့ ရှူးဆိုလုပ်ပြရင်း
စကိတ်ကိုခုန်ပြီးလှည့်လိုက်သည်။"ဝါးးးgeက မိုက်လိုက်တာဗျာ ကျွန်တော်ခုထိမရသေးဘူး"
ရိပေါ် ဖန့်ဖန့်နားကိုသွားပြီး ကိုယ်ကိုဘယ်လိုထိန်းဖို့
ခြေထောက်ကို ဘယ်လိုဆိုတာရှင်းပြပေးပြီး
နှစ်ယောက်သားပြိုင်တူစီးပြီးခုန်တော့ ဖန့်ဖန့်ပါရသွားသည်။"ဝါးးးဝါးး ge ကျွန်တော်ရလိုက်တယ်ဗျ "
ဖန့်ဖန့် အူမြူးမြူး နဲ့ ရိပေါ် လက်ကိုဆွဲကာ
ပုခုံးချင်းတိုက်နေတုန်း'ဝုန်း!´
"ကိုကို!" "zhan ge!"
ရှောင်ကျန့် မျက်နှာသေနဲ့ ၂ယောက်လုံးကိုကြည့်ပြီး
"ဘယ်အချိန်ရှိနေပြီလဲ?"
"..........."
"မေးနေတယ်လေ"
ရှောင်ကျန့် ဒေါသထွက်နေတာသိသာတာမို့
ဖန့်ဖန့်က ဝင်မပြောရဲ ။ရိပေါ် ခုတင်ပေါ်က ဖုန်းလေးကိုကောက်ယူပြီးကြည့်လိုက်တော့ ကိုယ့်နဖူးကိုယ်သာ ရိုက်လိုက်သည်။
" ဟို...... ၁၂....နာရီ ခွဲ ကိုကို"
ရှောင်ကျန့် ဘာမှမပြောပဲ အခန်းထဲက ထွက်သွားတော့
ရိပေါ် ကြောင်ကြောင်လေးရပ်နေခဲ့သည်။
BINABASA MO ANG
Sugar man & Canday Boy{Unicode & Zawgyi}Complete
FantasyXiao Zhan -seme Yibo -uke (Zhanyi)