ညက အတွေးတွေများပြီး အိပ်မပျော်နိုင်တာကြောင့်..ဒီမနက် ကျောင်းကို မနည်းရောက်အောင်လာခဲ့ရတယ်..ဆိုင်ကယ်နဲ့ပဲ ထွက်လာတာမို့...တစ်ခါမှ ခြေဦးလှည့်ဖို့ မတွေးမိတဲ့ မေဂျာဘက်ကိုသာ ဆက်မောင်းလာခဲ့လိုက်သည်...။ Xiaozhan..ကို မြင်ရရင်တော့ စိတ်ရှုပ်နေတာတွေ ပျောက်တန်ကောင်းပါရဲ့...
ဆိုင်ကယ်ကို ကားပါကင်ဘေးမှာသာ ထားခဲ့လိုက်ပြီး...သူတို့အဆောင်ဘက်သို့ သွားမည်အလုပ်...ကောရဲ့ကား မောင်းဝင်လာတာကြောင့်...ကျောခိုင်းလိုက်မိသည်...သူ့မျက်နှာကိုတော့ လုံးဝ ကြည့်ချင်စိတ်မရှိ...
" Xiaozhan...ညနေ အလုပ်ကို ကော လိုက်ပို့မယ်နော်..ဒီမှာပဲ စောင့်နေ..."
" မပို့နဲ့ ရပါတယ်ဆို..."
ဘာလဲ သူတို့ အတူတူလာကြတာလား...။ ဒေါသက ထောင်းခနဲ...။
" မင်းကို အဲ့လို ဂရုစိုက်စေချင်တာ မဟုတ်ဘူးလား..။ အရင်ကကျ ပစ်ထားလို့ စိတ်ကောက်နေပြီးတော့..."
" အခု မကောက်တော့ပါဘူး...ညနေလည်း ကိုယ့်ဘာသာ သွားလိုက်မယ်...။ မနက်တွေပဲ လာကြိုလေနော်....။ ကျွန်တော့် အလုပ်တွေကို ကောကို ပြရတာ အားငယ်တယ်..."
" ဒီကလေးဟာလေ..မဟုတ်တာကို ကြံဖန်အားငယ် နေပြန်ပြီ...။ မင်း အရွယ်တွေ အဲ့လို မလုပ်ဘဲ...ဆေးချနေတဲ့ ကောင်တွေများ အများကြီး..သူတို့ကမှ...ရှက်ရမှာ...။ ဒါပေမယ့်..ဟုတ်ပြီ...မင်းသဘောပဲနော်....မပို့စေချင်ရင် မပို့တော့ဘူး...နောက်မှ ပို့စေချင်ရင်...ကြိုတော့ပြောဦး...ကပ်ပြီးပြောလို့ မလုပ်ပေးနိုင်ဘူးဆိုရင် ကောက်မနေနဲ့...."
" ...ဟုတ်...ဟုတ်..."
" ဒါဆို ဝင်နှင့်တော့...ကော သူငယ်ချင်းကို စောင့်လိုက်ဦးမယ်...ပြီးမှ ဝင်လိုက်တော့မယ်..."
" အော်...ဒါဆို ကျွန်တော် သွားတော့မယ်...တာ့တာ.."
" Xiaozhan...ခဏ...."
" ဟင်...ကော...ကျောင်းဝင်းထဲမှာကို..."
" ဘာဖြစ်လဲ...ကိုယ့်ချစ်သူကို ဖက်တာပဲလေ...။ ဟေ့ မရုန်းနဲ့လေ...အဲ့လိုမှ..သူများတွေ တစ်မျိုးထင်ကုန်မယ်..."
![](https://img.wattpad.com/cover/214149528-288-k209024.jpg)
YOU ARE READING
Trust Your Heart [Completed]
Fanfictionဒီဇာတ်လမ်းက လှပချောမွေ့မှု မရှိခဲ့ပဲ အရိုင်းသက်သက် စခဲ့တဲ့ Love Story လေးပါ... အချိန်တွေသာ နောက်ပြန်ဆုတ်ခွင့်ရခဲ့မယ်ဆိုရင်...ဟင့်အင်း...အခုချိန်မှာ နောက်ပြန်ဆုတ်ချင်ကြသေးရဲ့လားဆိုတာ မသေချာတော့ဘူး. . . ...