Chapter 2

27.4K 2.2K 99
                                    


ခြံထဲ ဝင်ဝင်လာချင်း.. အိမ်ထိန်း ဦးလေးကြီး ထွက်ကြိုနေတာကို တွေ့လိုက်တာမို့...လက်ထဲက စကိတ်ကို လှမ်းပေးလိုက်တော့သည်..။ စကိတ်ကတော့ မပါမဖြစ်သယ်သွားနေကြ...နားချိန်ရတိုင်း လေ့ကျင့်နေတာ အကျင့်တစ်ခုလို ဖြစ်နေပြီ...

"သခင်လေး ပြန်လာပြီလား..။ သခင်လေး မိဘတွေက မနက်ကပဲ ခရီးထွက်သွားကြတယ်.."

"အင်း..အမေ ဖုန်းဆက်တယ်..။ ဒါနဲ့ အိမ်မှာ ဧည့်သည်တွေ ရောက်နေတာလား..." ခြံထဲမှာ ကားရပ်ထားတာ မြင်လို့ မေးလိုက်ခြင်းပင်...

"ဟုတ်...သခင်လေး Wang Yong သူငယ်ချင်း ရောက်နေတာ..."

"အင်း...အင်း..ညစာ မစားတော့ဘူး..သူငယ်ချင်းတွေနဲ့ စားခဲ့ပြီးပြီ..တက်နားတော့မယ်..."

"ဟုတ်ကဲ့.."

အပေါ်မတက်ခင်..ဧည့်ခန်းကို လှမ်းကြည့်မိလိုက်သေးသည်..။ ကောက အိမ်မှာ သူငယ်ချင်းတွေနဲ့ စုပြီး သောက်စားနေတာ အကျင့်လို ဖြစ်နေပြီ..။ အပြင်မထွက်နိုင်လို့ မဟုတ်..။ ကျွန်တော်တို့ တစ်အိမ်လုံးကို အရွဲ့တိုက်ပြနေတာ...

အခုလည်း တခြားကောင်လေးတစ်ယောက်ကို ပေါင်ပေါ်တင်ပြီး ပလူးနေကြတာ‌မို့..မျက်စိနောက်လို့ အပေါ်သာတက်ရန် ပြင်လိုက်တော့သည်..

"ဟေ့...Yibo ပြန်လာပြီလား..." ကော သူငယ်ချင်းက လှမ်းမြင်လိုက်ပုံ...

"ဟုတ်..."

"လာလေ..ကောတို့နဲ့ Join မလား.. မင်းမိဘတွေလဲ မရှိဘူးဆိုတော့...နည်းနည်းပါးပါး လာသောက်ပါလား..."

"" မျက်စိနောက်စရာကောင်တွေကို ခေါ်မနေပါနဲ့ကွာ...အေးဆေးသောက်စမ်းပါ..."

ကျွန်တော် ဧည့်ခန်းထဲ ဝင်လာလိုက်သည်...။ ကျွန်တော့်ကိုမြင်မှ..ပေါင်ပေါ်က ကောင်လေးက အောက်ဆင်းထိုင်တော့တာ...

"စိတ်မပူပါနဲ့ ...ကျွန်တော်ကလည်း ခင်ဗျားမျက်နှာ မကြည့်ချင်လို့..မလာပါဘူး...။ အိမ်မှာလည်း တစ်နေ့တစ်နေ့ မျက်စိ နောက်စရာတွေကြီးပဲ..။ ဘာလဲ ဘေးနားတစ်ယောက်ယောက်မရှိရင် မနေနိုင်ဘူးလား.."

"" ဟက်.."

"Yibo..ကောတို့ ခဏနေ ပြန်တော့မှာ..ရန်ဖြစ်မနေနဲ့တော့...သွားနားတော့ သွား..."

Trust Your Heart [Completed]Where stories live. Discover now