Chapter 10

20.9K 1.6K 69
                                    


Flashback continue...

" Xiaozhan ရာ...မငိုပါနဲ့တော့...."

ချော့ကာမှ ပိုငိုလာလေ...။ အဲ့စီနီယာ ဝင်သွားပြီး တော်တော်ကြာတဲ့အထိ စီနီယာပါ ပြန်ထွက်မလာတာ‌ကြောင့် ကျွန်တော် ပိုစိုးရိမ်မိသွားခဲ့တာ...မဖြစ်တော့...လူတွေ အများကြီး လက်ထဲမှာ Xiaozhan သေသွားလိမ့်မည်...။ ရပ်စောင့်မနေတော့ဘဲ...တံခါးကို ရိုက်ချိုးပစ်ပြီး..ဝင်ချလိုက်တော့သည်...

ဆိုးဆိုးဝါးဝါး မြင်ကွင်းတွေ မြင်ရမယ် ထင်ထားခဲ့သော်လည်း...သူ့ကို စီနီယာနားမှာသာ  တွေ့လိုက်တာမို့ နည်းနည်းတော့ စိတ်အေးသွားမိတယ်...

စီနီယာက သူ့ကို ကျွန်တော်နဲ့ ပြန်ထည့်ပေးလိုက်တာကြောင့်...အပြင်ကို ခေါ်ထုတ်လာခဲ့ပြီး တစ်ခါတည်း အလုပ်ကပါ ထွက်ပစ်ခိုင်းခဲ့လိုက်တော့သည်...။ ကျွန်တော်မှားတာ...သူ့လို လူတိုင်းပစ်မှားနိုင်‌လောက်တဲ့ ပုံစံမျိုးကိုမှ...ဒီနေရာသွင်းပေးခဲ့မိတာ...ကျွန်တော့်အမှား...။ သူသာ အဲ့ညက တစ်ခုခုဖြစ်သွားခဲ့ရင် ကျွန်တော်တော့ တစ်သက်လုံး အပြစ်ရှိသလို ခံစားနေရတော့မှာပဲ...

အပြင်ရောက်မှ..သူနဲ့ စီနီယာရဲ့ ကတိကို ငိုပြီး ပြန်ပြောလာတာမို့...မနည်းချော့ယူနေရသည်...

" ငါ သူနဲ့ မတွဲချင်ဘူး..."

" ငါ ဝင်လာလိုက်တာ..နောက်ကျသွားတယ်ကွာ...မဟုတ်ရင်..မင်း အဲ့ကတိပေးလိုက်ရမှာ မဟုတ်ဘူး..။ ဒါပေမယ့်...အရမ်းမစိုးရိမ်ပါနဲ့...ငါ သိသ‌လောက်ဆို အဲ့စီနီယာက...ကောင်လေးတစ်ယောက်ကို နှစ်ပတ်ထက် ပိုမတွဲပါဘူး...အများဆုံး တစ်လပေါ့ကွာ...အဲ့တစ်လပဲ သည်းခံလိုက်...။ သူက အထိမခံရင်လည်း ချက်ချင်းဖြတ်တတ်တယ် ကြားတယ်...အဲ့တော့ သူမြန်မြန်စိတ်ကုန်အောင်...လုံးဝ အထိမခံနဲ့လေ...နော်...မငိုပါနဲ့တော့..."

"...."

" အဲ့စီနီယာက နာမည်တော့ဆိုးပေမယ့်...မင်းနဲ့လိုက်ပါတယ်....။ ငါ့သူငယ်ချင်း..နေရင်းထိုင်ရင်း ရည်စားတစ်ယောက် ရတာပေါ့ကွာ...မဟုတ်ရင်..မင်းဘာသာမင်းဆို..လာကြိုက်သမျှ အကုန်လုံးကို ငြင်းထုတ်နေတာနဲ့ ရမှာမဟုတ်တော့ဘူး..တစ်လပဲ သည်းခံလိုက်...ok.. "

Trust Your Heart [Completed]Where stories live. Discover now