Chapter 23

19.6K 1.5K 175
                                    


" အား...ခွေး...ခွေး....မလာနဲ့...ကြောက်တယ် ..." Xiaozhan တစ်ယောက် အိပ်မက်တွေ ယောင်ပြီး ကယောင်ကတမ်း အော်နေတာမို့ ကျွန်တော် အတင်းလှုပ်နှိုးလိုက်ရတယ်...

" Xiaozhan.. Xiaozhan.."

" ဟင်...အင်း...Yibo..ငါ အိပ်မက်မက်နေတာ..အိပ်မက်ထဲမှာ ခွေးတွေငါ့ကို လိုက်ဆွဲနေတယ်..ငါကြောက်တယ် Yibo...ငါအရမ်းကြောက်တယ်..." ပြောနေရင်း သူ မျက်ရည်လေးတွေ အိုင်နေပြီမို့ ကျွန်‌တော် မနေနိုင်တော့ဘဲ ကုတင်ပေါ် ဝင်အိပ်လိုက်ပြီး ရင်ခွင်ထဲ ဆွဲပွေ့ထားလိုက်မိသည်...

" မင်း မကြောက်နဲ့နော်...ငါရှိတယ်...ဘာမှမဖြစ်ဘူး..."

" Yibo ...ငါ့ကို တစ်ညလုံး ဖက်ထားပေးပါလား...ငါအိပ်မက်ဆိုးတွေ ထပ်မက်မှာ ကြောက်တယ်..."

" ဖက်ထားမှာပေါ့ စိတ်ချ ငါ့ရင်ခွင်ထဲ ဒီတိုင်းလေးအိပ်နေနော် ငါဖက်ထားပေးမယ်..."

" အင်း...Yibo...ပြီးတော့လေ ငါ အသက်ရှုရအဆင်မပြေဘူး လေကို၀၀ မရှုနိုင်အောင် အသက်ရူကြပ်နေပြန်ပြီ..."

ကျွန်တော် ဘာမပြောညာမပြော သူ့နှုတ်ခမ်းကို ကျွန်တော့် နှုတ်ခမ်းနဲ့ တေ့ပြီး လေမှုတ်ထည့်ပေးလိုက်တာကြောင့် သူရုတ်တရက် ဆွံ့အသွားပုံပင်...

" ယား...Yibo မင်းဘာလုပ်တာလဲ..."

သူအသက်ရှုမကြပ်တော့ပုံပဲ

" မင်းအသက်ရှုကြပ်နေတယ်ဆိုလို့ ငါ ကူရှုပေးတာလေ..."

" အကျင့်မကောင်းလိုက်တာ... " လို့ သူပြောပြီး ကလေးလေးလို နှုတ်ခမ်းလေးထော်သွားပြန်တာမို့ ကျွန်တော် အသည်းယားပြီး အဲ့ကလေးနှုတ်ခမ်းလေးကို ဆွဲစုပ်ပြီး ထပ်နမ်းပစ်လိုက်တာကြောင့် သူရုန်းရင်း

" အွန့်...Yibo...ရပြီ တော်တော့ ငါ အသက်ရှုမကြပ်တော့ဘူး..."

" လူလည်လေး ကောင်းခန်းရောက်မှ လူလည်ကျလို့ ဘယ်ဖြစ်မလဲ..."

" Yibo...မင်း...."

" စတာ...ငါ နမ်းရုံ နမ်းတာပါ..ဘာမှထပ်မလုပ်ပါဘူး မင်းနလန်ထစရှိသေးတာ ငါသိပါတယ်. .."

" ဟွန့်...ဒါဆိုလည်း ငါအရမ်းအိပ်ချင်ပြီ မင်းရင်ခွင်ထဲ တစ်ညလုံးဒီတိုင်း အိပ်မယ်နော် ဖက်ထားပေး..."

Trust Your Heart [Completed]Where stories live. Discover now