ဇာတ်လမ်းကတော့ အခုက စပြီ...။ ကောအကြောင်းသိနေရက်နဲ့ ကောပိုင်တဲ့သူကို ပေါ်တင်ထိဖို့ဆိုတာ နည်းနည်းနောနော သတ္တိနဲ့တော့ မရ...။ အရှေ့ကတစ်ယောက်ကိုတောင် နောက်ကွယ်ကနေပဲ ထပ်မပက်သက်ရဲအောင် ပညာပြခဲ့တာ...ကျွန်တော်ဆိုတာ ကောနည်းနည်း အသံမာမာနဲ့ ပြောလိုက်ရင်တောင် Yibo နောက် ပြေးပုန်းတတ်ခဲ့တဲ့သူ...။ အခုတော့ ဘယ်က ဘယ်လို သတ္တိတွေရလားသလဲ မသိ...။ အမှန်တိုင်းပြောရရင် နိုင်ငံခြားမှာ ငါးနှစ်ကျော်နေလာရထဲက ကျွန်တော် အရင်လိုမဟုတ်တော့ဘဲ လက်ရဲဇက်ရဲ ဖြစ်လာမှန်းတော့ ကိုယ့်ကိုကိုယ် သတိထားမိနေသည်...
အခုလည်း ယုန်လေးကို ဆေးရုံကနေ ပေးဆင်းလိုက်ပြီမို့...ကောနဲ့ အပြိုင်လုကာ ကားနောက်ခန်းမှာ တူတူထိုင်ရအောင် လုပ်ထားလိုက်တယ်..။ ကော ဒေါသတွေ ထွက်နေလိုက်တာများ မျက်နှာကြီးကို ရဲလို့...။ ဒါပေမယ့် သူ နေမကောင်းတာကြောင့် ကျွန်တော်နဲ့ အတင်းပြိုင်ဆွဲမနေတော့ဘဲ...အနောက်ခန်းမှာပဲ တူတူပေးထိုင်ထားပြီး မောင်းလာကြသည်....
သူ့ကြည့်ရတာ ကျွန်တော်တို့ နှစ်ယောက်လုံးကို လန့်နေပုံပင်...။ ကျွန်တော့်ကိုလည်း မကပ်ဘဲ...အဝေးကြီးမှာ ခွာထိုင်နေပြီး...ကောကိုလည်း အနောက်ကနေ တိတ်တိတ်လေး လိုက်ကြည့်နေတာ...။ ကြည့်ရတာ ကောက ယုန်လေးကို တခြားကောင်လေးတွေနဲ့ တော်တော် သဝန်တိုတတ်လို့ သူ ကြောက်နေတာ နေမည်...
တွေ့ကြသေးတာပေါ့...ကော တော်တော်ဖြစ်ရေ...
ကျွန်တော် သူ့ကို ခါးကနေ သိုင်းပွေ့ပြီး..ကျွန်တော်နဲ့ နီးအောင် ဆွဲယူလိုက်သည်...။ ဟက် ...တကယ့်ကိုမှ ပေါ့ပေါ့လေးပဲ...များများကျွေးမယ့် အစီအစဉ်ကိုတော့ အမြန်ဆုံး အကောင်အထည်ဖော်မှပါပဲ...
" ဟေ့ကောင်...ဘာလုပ်တာလဲ...သူက ငါ့ချစ်သူလို့ပြောထားတယ်နော်...။ ပြန်လွှတ်လိုက်..."
" အော် ကောကလည်း မင်းတွေငါတွေနဲ့ မပြောပါနဲ့...ကျွန်တော်က ကား aircon အေးနေလို့ ယုန်လေး ချမ်းနေမှာစိုးလို့ ဖက်ထားပေးမလို့ပါ..."
" မလိုဘူး...အေးရင် ရှေ့လာခဲ့ခိုင်းလိုက်... aircon ပိတ်ပေးမယ်..."

KAMU SEDANG MEMBACA
Trust Your Heart [Completed]
Fiksi Penggemarဒီဇာတ်လမ်းက လှပချောမွေ့မှု မရှိခဲ့ပဲ အရိုင်းသက်သက် စခဲ့တဲ့ Love Story လေးပါ... အချိန်တွေသာ နောက်ပြန်ဆုတ်ခွင့်ရခဲ့မယ်ဆိုရင်...ဟင့်အင်း...အခုချိန်မှာ နောက်ပြန်ဆုတ်ချင်ကြသေးရဲ့လားဆိုတာ မသေချာတော့ဘူး. . . ...