ကျွန်တော်ပြောနေတာတွေကို ဘာမှမတုံ့ပြန်တာကြောင့် ငုံ့ကြည့်မိလိုက်တော့ သူအိပ်ပျော်နေပြီမို့..ဖြည်းဖြည်းချင်းသာ ခေါင်းအုံးပေါ်ကို ပြန်လှဲချပေးလိုက်တော့သည်...စောင်သေချာခြုံပေးလိုက်ပြီး...ကုတင်ပေါ်ကဆင်းလိုက်တာနဲ့ အခန်းတံခါးကို ရုတ်တရက် စောင့်ဖွင့်သံ ကြားလိုက်တာကြောင့် လှည့်ကြည့်လိုက်ရတယ်...
" ကော...ဘာပြန်လာ.."
" Xiaozhan ...ထစမ်း...."
" ဟင်...ကော..ဘာလုပ်မလို့လဲ...သူ အိပ်နေပြီ..."
ကောက စောင်တွေ အတင်းဆွဲဖယ်နေပြီး...သူ့ကို ကြမ်းကြမ်းတမ်းတမ်းကို လှုပ်နှိုးနေတာ...။ အခုမှ Li Wei က အခန်းထဲ အသည်းအသန် ပြေးဝင်လာသည်...။ ဘာတွေ ဖြစ်နေကြတာလဲ...
သူ လန့်ပြီး နိုးသွားပုံပင်...
" ဟင်...ကော...ပြန်လာတာလား..."
" မင်း...အခုချက်ချင်း ဒါကို ထရှင်းစမ်း..."
ကျွန်တော့်ကို ဖုန်းထိုးပြနေတာမို့ ကြည့်လိုက်မိတယ်...။ ဟင်...ဒီပုံ ဒီပုံကို သူ တကယ် ကောဆီ ပို့လိုက်တာလား...။ ရုတ်တရက်မို့ ဘာပြန်ပြောရမှန်း မသိတော့အောင် လန့်သွားမိတာ...
Yibo ..ရော..Li Wei ရော အနောက်ကနေ...လာကြည့်ကြတာမို့ သူတို့လည်း တော်တော် အံ့ဩသွားပုံပင်...
" ကော...အဲဒါက..."
" Xiaozhan..." အော်သံက ဟိန်းခနဲ....
" ငါ မင်းကို သစ္စာမဖောက်နဲ့လို့ ပြောထားတယ်နော်...။ ငါ အခု Yibo ကိစ္စကို သည်းခံနေတာက မင်းဖက်က မပါဘူးဆိုလို့...။ အခု ဒါက ဘာတွေလဲ ... မင်း ဘယ်တုန်းက ငါနဲ့တောင် အဲ့လို နေခဲ့ဖူးလို့လဲ...ပြော..ပြောလေ...။ အဲ့ဒါ ဘယ်ကကောင်လဲ..."
" ကောထင်သလို မဟုတ်ပါဘူး...အဲ့ဒါ ဒီအတိုင်း တစ်ကုတင်တည်း အိပ်တာမျိုးပါ...အထင်မလွဲပါနဲ့..."
" အဲ့ဒါ ဘယ်က ကောင်လဲပဲဖြေ...စကားလမ်းကြောင်း လာမလွှဲနဲ့...။ ငါ မင်းတို့နှစ်ယောက်လုံးကို အရှင်မထားဘူး..."
ကျွန်တော် ဘယ်လိုပြန်ပြောရမှန်း မသိတော့...။ Yibo...ကျွန်တော့်ရှေ့လာရပ်လိုက်တာမို့...ခေါင်းနပန်းကြီးသွားမိတယ်...
YOU ARE READING
Trust Your Heart [Completed]
Fanfictionဒီဇာတ်လမ်းက လှပချောမွေ့မှု မရှိခဲ့ပဲ အရိုင်းသက်သက် စခဲ့တဲ့ Love Story လေးပါ... အချိန်တွေသာ နောက်ပြန်ဆုတ်ခွင့်ရခဲ့မယ်ဆိုရင်...ဟင့်အင်း...အခုချိန်မှာ နောက်ပြန်ဆုတ်ချင်ကြသေးရဲ့လားဆိုတာ မသေချာတော့ဘူး. . . ...