စာမေးပွဲပြီး ကောတို့လည်း မင်္ဂလာဆောင်ပြီးပြီမို့ ကျွန်တော် နယ်မြို့လေးက ဦးလေးအိမ်ကို ခဏတော့ ပြန်ချင်တယ်...။ တကယ်တော့လည်း ပြန်ချင်တာက နည်းနည်းပါ...ဘယ်တော့နေနေ ကျွန်တော့်ကို မျက်စိ ဒေါက်ထောက်ကြည့်ပြီး ခြင်ဆီဆေးသွင်းဖို့ ချောင်းနေတဲ့ Dr.ဖုန်းမြင့်ကို ရှောင်ချင်တာကများများ...ကိုကို နဲ့ ကောကတော့ မင်္ဂလာဆောင်ပြီး Honeymoonက ပြန်လာကတည်းက ဘာတွေကြည်နူး ဖုန်း ဒိုင်း ဂွမ်း လာကြလည်းမသိ...။ ခုပဲ ကြည့်ဦး ကိုကို ခါးနာနေလို့ Dr.ဖုန်းမြင့်တောင် ဆေး၀င်ထိုးပေးနေရတယ်တဲ့...
ကိုကို့ဆီ လီအိမ်က လူတွေအာရုံရောက်နေချိန် ကျွန်တော် အထုပ်လေးဆွဲ နယ်က ဦးလေးဆီလစ်မယ်ဆိုပြီး ရှောင်လင် သိုင်းကွက် ခြေသံဖွဖွလေးနင်း ခိုးထွက်လာပါတယ်ဆိုမှ Wang Yibo...Yibo ကလည်း အိတ်တစ်လုံးဆွဲပြီး ကျွန်တော့်လက်ကိုတွဲပြီး ကားဆီခေါ်လာကာ မောင်းပြေးနေတယ်...
" Wang Yibo ဘာလုပ်တာလဲ...ငါ ဦးလေးအိမ်ပြန်မလို့..."
" ငါက မင်း အထုပ်ဆွဲ ခိုးထွက်တာ မြင်တော့...ခိုးပြေးချင်စိတ်ပေါက်လာလို့ ခိုးပြေးတာလေ...."
" ဘာ...ဟေ့ကောင် ခိုးပြေးစရာလား ပြန်လှည့် ငါဦးလေးအိမ်ပြန်ချင်လို့ပါဆို...."
" မလှည့်နိုင်တော့ဘူး...ဦးလေးအိမ်လည်း လိုက်ပို့မယ် ငါနဲ့လည်း တစ်ခါထဲခိုးပြေး...."
" အား...မရဘူး...မရဘူးနော် Yibo ငါ ယောင်္ကျား မလိုချင်သေးဘူး....အိမ်ပြန်ပို့ပေး..."
ထိုစဉ် Yibo ဖုန်းမြည်လာသဖြင့် ကောက်ကိုင်လိုက်တော့ Dr.ကျန်းဖုန်းမြင့်ရယ်ပါ...
" Wang Yibo ငါ့လူနာကို ခြင်ဆီဆေးသွင်းပေးဖို့လာတာ အိမ်တော်ကလူတွေပြောနေတယ် မင်းတို့ အထုပ်တစ်ယောက်တစ်ထုပ်ဆီ နဲ့ ထွက်သွားတယ်ဆို ဘယ်သွားတာလဲ...။ အဲ့သုံးနှစ်သားကို ပြန်ခေါ်လာခဲ့ ဆေးသွင်းရမယ် "
" ဗျာ...ဟုတ်ကဲ့ ပြန်လှည့်လာမယ် Dr...နောက်.."
Li Wei ဘေးက ဒေါခွီးလာကာ Dr.ဖုန်းမြင့် ဖုန်းကိုတောင်းယူပြီး သူ့ညီလေးကို ခေါ်မသွားတဲ့
Yibo ကို အော်ဆဲလိုက်တယ်...
YOU ARE READING
Trust Your Heart [Completed]
Fanfictionဒီဇာတ်လမ်းက လှပချောမွေ့မှု မရှိခဲ့ပဲ အရိုင်းသက်သက် စခဲ့တဲ့ Love Story လေးပါ... အချိန်တွေသာ နောက်ပြန်ဆုတ်ခွင့်ရခဲ့မယ်ဆိုရင်...ဟင့်အင်း...အခုချိန်မှာ နောက်ပြန်ဆုတ်ချင်ကြသေးရဲ့လားဆိုတာ မသေချာတော့ဘူး. . . ...