ဒီနေ့က သူ့ကို ခြင်ဆီစစ်တော့မှာမို့ ကျွန်တော်တို့ပါ ကုသရေးခန်းထဲ လိုက်၀င်လာခဲ့လိုက်တယ်...။ ထုံဆေးမပါဘဲ ဖောက်စစ်ကြမှာမို့ သုံးယောက်လုံး ဝိုင်းချုပ်ဖို့ လိုအပ်နေပြီလေ...ဒေါက်တာဖုန်းမြင့်ကလည်း သူ့ကို အစွမ်းကုန် အားတင်းထားပေးဖို့ တောက်လျှောက် ပြောနေတာ...
သူ ကျွန်တော့်ကို အားကိုးတကြီး ကြည့်လိုက်တဲ့ မျက်ဝန်းလေးတွေကို တွေ့လိုက်မိသော်လည်း...လက်တွေ့မှာတော့...ကောကိုပဲ သူ သိုင်းဖက်လာသည်...
" ကော ကျွန်တော်ကြောက်တယ်...မလုပ်ချင်တော့ဘူး..."
" အဲ့လိုမလုပ်ရဘူးလေကွယ်...ခဏပဲ...ဒါပြီးရင် မင်းကြောက်တာတွေ ထပ်မလုပ်ခိုင်းတော့ဘူးနော်..."
"" သား...စိတ်ကို ငြိမ်ငြိမ်ထားလိုက်တော့...မင်း အစ်ကိုသုံးယောက်လုံး ရှိနေပေးမှာလေနော်...။ သူ့ကို ပေးလှဲလိုက်တော့...သေချာထိန်းထားကြ...မရုန်းစေနဲ့..."
သူ့ကို ကုတင်ပေါ် ဘေးစောင်းအိပ်ခိုင်းပြီး ဒူးခေါင်းကို စကွေးခိုင်းတယ်....။ စတောင် မစရသေး နှုတ်ခမ်းပါးပါးလေးတွေ လက်သေးသေးသွယ်သွယ်လေးတွေ ဒူးခေါင်းတွေက ကြောက်စိတ်ကြောင့် စတုန်နေတဲ့ ဖြူဖြူဖျော့ဖျော့ သူ့ပုံစံလေးကို ကြည့်ပြီး လက်တွေကို ခပ်တင်းတင်း ဆုပ်ကိုင်ပေးလိုက်မိသည်...။ ကောကိုလည်း အာရုံမစိုက်နိုင်တော့...
" မကြောက်နဲ့နော် Xiaozhan ငါတို့ အားလုံး ရှိတယ်...။ မင်းကိုလုံး၀ လက်မလွှတ်ကြဘူးနော်..."ယုန်လေးက ခေါင်းလေးညိတ်ပြီး အသိမှတ်ပြုရှာတယ်...။ ကောက Yibo ယုန်လေးလက်ကို ကိုင်ထားတာကို သိပ်မကြိုက်...။ သွားဆွဲဖြုတ်ဖို့ ပြင်နေတာကြောင့်...ကျွန်တော် မနည်းဆွဲထားလိုက်ရသည်...
" ကော..ငြိမ်ငြိမ်နေနော်...ဒါ ရန်ဖြစ်ရမယ့်အချိန်မဟုတ်ဘူး...။ ကော သူ့ခြေထောက်ကိုထိန်းထားပေး..ပြန်မဆန့်သွားစေနဲ့...ကျွန်တော် သူ့ခေါင်းကို ထိန်းထားမယ်..."
ဒေါက်တာဖုန်းမြင့်တစ်ယောက်...အပ်သွင်းမဲ့နေရာကို အရက်ပြန်နဲ့ သန့်ရှင်းရေးစလုပ်လိုက်ပြီး
Bone Marrow Needle ကို စသွင်းလိုက်တာနဲ့ အတူ ... ယုန်လေးရဲ့ နာကျင်မှုကို အံတုရတဲ့ ဝေဒနာသံက ငယ်သံပါအောင် တစ်ခန်းလုံးကို စလွှမ်းမိုးလာတော့တယ်...
YOU ARE READING
Trust Your Heart [Completed]
Fanfictionဒီဇာတ်လမ်းက လှပချောမွေ့မှု မရှိခဲ့ပဲ အရိုင်းသက်သက် စခဲ့တဲ့ Love Story လေးပါ... အချိန်တွေသာ နောက်ပြန်ဆုတ်ခွင့်ရခဲ့မယ်ဆိုရင်...ဟင့်အင်း...အခုချိန်မှာ နောက်ပြန်ဆုတ်ချင်ကြသေးရဲ့လားဆိုတာ မသေချာတော့ဘူး. . . ...