ကောက ဝိုင်ခွက်ကို ဇွန်းလေးနဲ့ "တောင်...တောင်...တင်...တင် " ခေါက်လိုက်တော့ အားလုံးငြိမ်ကျသွားတယ်..." ဟုတ်ကဲ့ အခု Dr.ကျန်းဖုန်းမြင့်မှ မင်္ဂလာစကား ပြောပေးမှာ ဖြစ်ပါတယ်..."
" မင်္ဂလာမောင်နှံ အင်း အဲ့လိုပဲ ပြောရမှာပေါ့နော်...မင်္ဂလာစုံတွဲနဲ့တကွ ကြွရောက်လာတဲ့ ဧည့်သည်တော် အားလုံး မင်္ဂလာပါ...ကျွန်တော်ကတော့ လီဆေးရုံရဲ့ သွေးအထူးကု Dr.ကျန်းဖုန်းမြင့်ပါ...။ ဒီနေ့ မင်္ဂလာပွဲကို တက်ရောက်ပြီး မင်္ဂလာစကားပြောပေးရတဲ့အတွက် ၀မ်းမြောက်၀မ်းသာ ဖြစ်မိပါတယ်...။ ကျွန်တော်ကတော့ မင်္ဂလာရက်မြတ်မှာ မင်္ဂလာရှိတဲ့စကားတွေပဲ ပြောချင်ပါတယ်...။ အယ်..ဆုံးမတာလေးတော့ နည်းနည်း ပါမှာပေါ့ဗျာ..."
သတို့သား Wang Yibo တစ်ယောက် Dr.ဖုန်းမြင့်စကားစတာနဲ့ မျက်ခုံးလှုပ်လာပြီ...Xiaozhan လေးကတော့ သူ့ကိုများဆေးထိုးဖို့ သြဝါဒ ချဦးမှာလားဆိုပြီး ကြောက်ဒူးတုန်နေတာမို့ Yiboက Xiaozhan ပခုံးကို ဖက်ထားလိုက်တယ်...
၀မ်ပါးပါးမာမား ဦးလေး လီပါးပါးမားမား ကော Li Wei နဲ့ ပရိသတ်ကြီးအားလုံးကတော့ ပြုံးစိစိနဲ့
Drဖုန်းမြင့် ပြောတာကို နားထောင်နေကြတယ်..." ပထမဆုံးပြောချင်တာကတော့ Wang Yibo ဆိုတဲ့ ဒီလူငယ်လေးက Xiaozhan အပေါ် တကယ်ကောင်းတဲ့ ကောင်လေးပါ...ကောင်းမွန်တဲ့ အဲ့စိတ်ထားကိုလည်း Xiaozhan အပေါ် တစ်ဘ၀လုံး ဒီအတိုင်း ဆက်ထိန်းသ်ိမ်းသွားပါလို့ မှာချင်ပါတယ်..."
ဖြောင်း...ဖြောင်း...ဖြောင်း ပရိသတ်အားလုံးလက်ခုပ်တီးလိုက်ကြတယ်
" ဒုတိယကတော့...Xiaozhan လေးဟာ ကျွန်တော့်လူနာပါ...။ သွေးနီဥနည်းပြီး ရိုးတွင်းခြင်ဆီခန်းရောဂါ (Aplastic Anaemia) ရောဂါခံစားနေရတဲ့...လိမ္မာပြီး စိတ်ဓါတ်ကြံကြံခံနိုင်တဲ့ ကလေးပါ...။ ဒီရောဂါက တစ်ဘ၀လုံး သွေးစစ် ဆေးထိုးဆေးသောက်... လိုအပ်တဲ့အခါ သွေးသွင်းကုသ ပေးရတာမို့ ကျွန်တော်က မင်္ဂလာလက်ဆောင်အနေနဲ့ Xiaozhan လေးကို တစ်သက်လုံး ဆေး အလကား ကုသပေးသွားပါမယ်..."
Xiaozhan မျက်ရည်ကျပြီလေ...
" Yibo...အဲ့လက်ဆောင်ကြီး ပြန်အမ်းလိုက်...ငါ မလိုချင်ဘူးနော်..."
YOU ARE READING
Trust Your Heart [Completed]
Fanfictionဒီဇာတ်လမ်းက လှပချောမွေ့မှု မရှိခဲ့ပဲ အရိုင်းသက်သက် စခဲ့တဲ့ Love Story လေးပါ... အချိန်တွေသာ နောက်ပြန်ဆုတ်ခွင့်ရခဲ့မယ်ဆိုရင်...ဟင့်အင်း...အခုချိန်မှာ နောက်ပြန်ဆုတ်ချင်ကြသေးရဲ့လားဆိုတာ မသေချာတော့ဘူး. . . ...