1 month later...ဒီတစ်လလုံး ဘာလိုလိုနဲ့ ကျွန်တော် Li Wei အိမ်မှာပဲ နေဖြစ်သွားတယ်...။ ကြည့်ရတာ Li Wei နဲ့ကျွန်တော်က ရေစက်ပါတာလား မသိ..။ သူက ကျွန်တော့်ကို ကလေးတစ်ယောက်လိုကို လိုက်ဂရုစိုက်နေတာကြောင့်...သူ့အိမ်မှာနေရတာ ကိုယ့်အိမ်ကိုယ့်ယာလို့တောင် ခံစားမိလာတာ...သူ့မိဘတွေကလည်း ကျွန်တော့်ကို တကယ့်သားအရင်းလို ဆက်ဆံပေးကြတာမို့ သူတို့ကို တကယ် မျက်ရည်ကျမိမတတ် ကျေးဇူးတင်မိလိုက်တာ ...
ရောဂါလက္ခဏာတွေက ပြတော့ပြနေတုန်း...။ စားချင်စိတ်မရှိလို့ မစားဖြစ်တာကို...သူက အတင်းချော့ကျွေးတတ်တာမို့ အားနာပြီးဖြစ်ဖြစ် ဝင်အောင်စားနေရသည်...။ အရင်ကလောက်လည်း အမောမခံနိုင်...။ အခုလို ရောဂါကြောင့် အားငယ်နေမိချိန်မှာ သူတို့အိမ်ကနေ မေတ္တာတွေရနေတာက ကျွန်တော့်အတွက် တကယ်အားတစ်ရပ်ပါပဲ...။ ဦးလေးတို့ကိုတော့ စိတ်ပူသွားမှာစိုးလို့ အခုထိ မပြောဖြစ်သေး...
Li Wei က ကျွန်တော့်ကို အချိန်ပိုင်းအလုပ်တွေလည်း ပေးမလုပ်တော့...။ ကျောင်းကိုတောင် သူပဲလိုက်ပို့မယ် လုပ်နေလို့ မနည်းကို တားယူနေရတယ်...။ ဒါတောင်မရ...သူမပို့ရတော့ မနက်မနက်ဆို Yibo ကို ဖုန်းဆက်ခေါ်ပြီး လာကြိုခိုင်းကာ ကျောင်းကို တူတူသွားခိုင်းတတ်သည်...
ဒီတစ်လလုံး ကောနဲ့ ကျစ်ဖန်းကို ကျွန်တော် လုံးဝ မျက်နှာချင်းမဆိုင်...မြင်ရင်တောင် မတွေ့ချင်ယောင်ဆောင်နေပစ်လိုက်သည်..။ ကောက အခုမှ သူမှားသွားပါတယ်ဆိုပြီး လာတောင်းပန်နေသော်လည်း...ကျွန်တော်ကတော့ လုံးဝ အတွေ့မခံတော့...။ Li Wei ပြောသလို ဒီအခွင့်အရေးကို အသုံးချပြီး...ကျွန်တော် ကောနဲ့ တတ်နိုင်သမျှ ရှောင်နေပစ်လိုက်သည်...။ မကျေနပ်လို့ ဖျက်ချင်လည်း ဖျက်ပါစေပေါ့...တစ်ခုခု ရန်ပြုမှာမျိုးတော့ စိုးရိမ်ပြီး ကြောက်မနေတော့ ကိုကို့ကို ယုံတယ်လေ...။ သေချာပေါက် သူကာကွယ်ပေးမှာပါ...
" ယုန်လေး...ထတော့..ကိုကိုသိတယ်နော်..မင်း အိပ်ချင်ယောင်ဆောင်နေတာ..."
"..."
" ဟေ့...တကယ်မထဘူးလား...လိမ်မာတယ်..ထဆို ဆေးရုံသွားရမယ်လေ..."

YOU ARE READING
Trust Your Heart [Completed]
Fanfictionဒီဇာတ်လမ်းက လှပချောမွေ့မှု မရှိခဲ့ပဲ အရိုင်းသက်သက် စခဲ့တဲ့ Love Story လေးပါ... အချိန်တွေသာ နောက်ပြန်ဆုတ်ခွင့်ရခဲ့မယ်ဆိုရင်...ဟင့်အင်း...အခုချိန်မှာ နောက်ပြန်ဆုတ်ချင်ကြသေးရဲ့လားဆိုတာ မသေချာတော့ဘူး. . . ...