နောက်တစ်နေ့ မနက်...မနက်စာစားပြီးပြီမို့ ကျွန်တော်တို့ ပြန်ဖို့ ပြင်လိုက်ကြတယ်...။ Xiaozhanကို ကြည့်ရတာ ကျွန်တော် ညက ကြမ်းထားလို့ပဲလား...ဆေးသွင်းရမဲ့အချိန် ဆေးမသွင်းဘဲ ဟိုရက်ရွှေ့ဒီရက် ရွှေ့လာလို့ပဲလား မသဲကွဲဘူး...ပုံမှန်ထက်ကို ပိုပြီး ဖြူဖျော့နေတယ်...
" Zhan Zhan တူလေး နေလို့ မသက်သာဘူးလား... ခုလို ဖြူရော်နေတာ ဦးလေး စိတ်မချဘူး...ဦးလေး ဆေးရုံလိုက်ပြပေးမယ် "
" အာ...ရတယ်..။ ဦးလေး အလုပ်တွေပျက်နေမယ် Zhan Zhan အားနည်းနေလို့ပါ..နားလိုက်ရင်...သက်သာ.."
" ဟုတ်တယ်...ဦးလေး စိတ်မပူနဲ့ ကျွန်တော် သူ့ကို ဆေးရုံ လိုက်ပို့လိုက်မယ်.."
" အင်းပါ ဒါဆိုလည်း ...ဒီက ငါ့တူကိုပဲ အားကိုးရမှာပဲ သေချာလေး ပြပေးပါဦး "
" ဟုတ်ကဲ့ ဦးလေး ကျွန်တော်တို့ ပြန်ပြီနော် "
" အေးအေး ဂရုစိုက်သွားကြ ...Zhan Zhan ကျန်းမာရေးလည်း ဂရုစိုက်ဦး...။ တူလေးလည်း အရေးရယ် အကြောင်းရယ်ဆို ဖုန်းဆက် ဦးလေးကို အားနာမနေနဲ့..."
" ဟုတ်ကဲ့..ဦးလေး..."
" အချိန်မလင့်ခင် Zhan Zhan ပြန်ပြီ ဦးလေး..."
သူ စကားကို မနည်းအားတင်းပြောနေတာ သတိထားမိတာမို့ မနေသာတော့ဘဲ ကျွန်တော်ကပဲ အမြန်၀င်နှုတ်ဆက်ပြီး မြန်မြန် ပြန်ခဲ့လိုက်တော့သည်...
ညက Yibo ကြမ်းထားတာကြောင့် သွေးပူတုန်း ဘာမှမဖြစ်ပေမဲ့ အခု ခါးတွေ အရမ်းကိုက်တတ်လာတယ်...။ လူက ဆေးသွင်းရမဲ့အချိန် ဆေးမသွင်းထားတော့ ပုံမှန်ထက် အားတွေပိုနည်းလာပြီး အသက်ရှုကလည်းကြပ် မူးဝေနေတာမို့ မှိန်းနေလိုက်စဉ်...သူ ကျွန်တော့် နဖူးတွေ ပါးတွေ လိုက်စမ်းရင်း...
" မင်း...ကိုယ်ပူနေပြန်ပြီ..."
" အင်း..."
" ခဏထ ဆေးသောက်လိုက်ဦး .."
ကျွန်တော် သူပေးလာတဲ့ ဆေး နဲ့ ရေ ကို ယူသောက်လိုက်တယ်...သူ ကျွန်တော်ထိုင်တဲ့ ခုံကို ဖြည်းဖြည်းချင်း လှဲချပေးလာပြီး...
YOU ARE READING
Trust Your Heart [Completed]
Fanfictionဒီဇာတ်လမ်းက လှပချောမွေ့မှု မရှိခဲ့ပဲ အရိုင်းသက်သက် စခဲ့တဲ့ Love Story လေးပါ... အချိန်တွေသာ နောက်ပြန်ဆုတ်ခွင့်ရခဲ့မယ်ဆိုရင်...ဟင့်အင်း...အခုချိန်မှာ နောက်ပြန်ဆုတ်ချင်ကြသေးရဲ့လားဆိုတာ မသေချာတော့ဘူး. . . ...