နေ့ရောညပါ လိုအပ်တဲ့ ဆေးကုသမှုတွေအောက် ရှိနေတဲ့အတွက် Xiaozhan မျက်နှာလေး ပန်းသွေးရောင်တောင် နည်းနည်း ပြန်သမ်းလာသလိုပင်...ကျွန်တော်တို့အားလုံး ရောက်နေကြပြီ...။ မနက်လူအားလုံး စုံနေတဲ့ချိန် ဒေါက်တာကျန်းဖုန်းမြင့်တစ်ယောက် ခြင်ဆီစစ်ဆေးချက်အဖြေကို စပြောပါတော့တယ်...
" လူနာက...သွေးကင်ဆာ "
" ဗျာ...." " ဘာ..." " ဟာကွာ...ကင်ဆာတဲ့လား.."
ကျန်းဖုန်းမြင့် တစ်ယောက် တစ်မနက်လုံး roundနေရတာကြောင့် ရေတော်တော် ဆာနေတာနဲ့ စားပွဲပေါ်မှာ သောက်ရေသန့်ဘူး တွေ့လိုက်တာမို့ မနေနိုင်တော့ဘဲ ဖောက်သောက်လိုက်တာ...။ ရေသောက်လို့မှ မဆုံးသေး ဘေးက သုံးကောင် နားစည်ကွဲမတတ် အော်ချလိုက်တာကြောင့် ရေတွေထသီးပြီး
" အဟွတ်....အဟွတ်... သွေးကင်ဆာ... မ..မဟုတ်ဘူးလို့ ...ဟွတ်...ဟွတ်...အောင်မလေး ရေသီးပြီး သေတော့မယ် "
" သေပါလား အစမရှိ အဆုံးမရှိ ရေထသောက်ရင်း ဆေးစစ်ချက် အဖြေပြောစရာလား ...."
" အင်းလေ ဒေါက်တာဖုန်းမြင့် ရေသီးပြီး မသေဘဲ ကျွန်တော်တို့ လန့်ပြီး သေတော့မယ်... "
" တော်သေးတာပေါ့ ကင်ဆာမဟုတ်တာ ..."
" အေးပါ...အေးပါ ငါတစ်မနက်လုံး ဒီ သွေးရောဂါအထူးကု တစ်ဌာနလုံးကို round လှည့်ကြည့်နေရတာ ပင်ပန်းလာလို့ ...ရေဘူး မြင်ပြီး ရေဆာလွန်းလို့ ထသောက်လိုက်မိတာပါ ..."
" ဟုတ်ပါပြီ...ဆရာရယ်.. ဒါနဲ့ အဖြေက...."
" သူက Aplastic Anaemia လို့ခေါ်တဲ့ ရိုးတွင်းခြင်ဆီခန်းရောဂါ ဖြစ်နေတာ... "
" ဟင်..အဲ့ဒါက စိိုးရိမ်ရလား..."
" ကုလို့ရလားဆရာ..."
" မစိုးရိမ်ရဘူးလို့တော့ ဘယ်ပြောလို့ရမလဲ ..။ ကုလို့တော့ရတယ် ... ဒီရောဂါက သွေးနီဥနည်းပြီး ဖြစ်နေတဲ့ ရောဂါဆိုတော့ နှစ်ရှည်ဆေးသောက်ရတာတွေရှိလာမယ်... "
" အဲ့လိုဆို ကျွန်တော်က ဆေးသောက်နိုင်တယ်ဆို ရင် ကုနိုင်တာပေါ့နော်... "
" ဟုတ်တယ် သား...။ ဒါပေမဲ့ သွေးနီဥက အရမ်းနည်းနေတော့ လစဉ်သွေးဖောက် စစ်ဆေးမှုတွေလုပ်ရမယ်...။ တစ်လတစ်ခါ သွေးသွင်းဖို့ လိုတယ် ...။ သွေးသွင်းပြီးတိုင်းလည်း ဒီတိုင်းနေလို့ မရဘူး ပိုးသတ်ဆေးတွေ ထိုးရမယ် ...။ ရိုးတွင်းခြင်ဆီခန်းရောဂါကို အထိရောက်ဆုံး ကုသဖို့ အတွက် ATG (Anti-thymocyte Globulin) ဆေးသွင်းရမယ် ..."
YOU ARE READING
Trust Your Heart [Completed]
Fanfictionဒီဇာတ်လမ်းက လှပချောမွေ့မှု မရှိခဲ့ပဲ အရိုင်းသက်သက် စခဲ့တဲ့ Love Story လေးပါ... အချိန်တွေသာ နောက်ပြန်ဆုတ်ခွင့်ရခဲ့မယ်ဆိုရင်...ဟင့်အင်း...အခုချိန်မှာ နောက်ပြန်ဆုတ်ချင်ကြသေးရဲ့လားဆိုတာ မသေချာတော့ဘူး. . . ...