မျက်လုံးဖွင့်ဖွင့်ချင်း စီးကြိုနေတာက ချောမောလွန်းတဲ့ မျက်နှာလေးတစ်ခု...။ အခုမှ သတိထားမိတော့တယ်...ကျွန်တော့်တစ်ကိုယ်လုံးက သူ့ရင်ခွင်ထဲ ရောက်နေရုံသာမက..သူ့ကိုပါ ကျွန်တော်ကိုယ်တိုင်က အားရပါးရကို ပြန်ဖက်ထားမိတာ...မနေ့ကအတိုင်း အရမ်းတော့ မသက်သာသေး...။ ရင်ခွင်ထဲ အတင်းပွေ့ထည့်ထားတာကြောင့်...မွန်းလာသည်...။ ခါးကို သိုင်းဖက်ထားသည့် သူ့လက်ကို ဖြည်းဖြည်းချင်း မကာ...ဘေးနည်းနည်းရွှေ့အိပ်လိုက်ရသည်...။ ပြီးမှ သူ့ဘက်ပြန်လှည့်ပြီး..ကြည့်မိမှ...သူက တော်တော်ချောမှန်း သတိထားမိတာ...။ အရင်ထဲကလည်း သတိထားမိတယ်ဆိုပေမယ့်...အခုလောက် အနီးကပ်မမြင်ဖူးတာကြောင့် သေချာကြည့်မိသွားတာ...
သူ့ကြည့်ရတာ တော်တော်အိပ်မောကျနေပုံပင်...။ ကျွန်တော့်အကြောင်း ကျွန်တော် အသိဆုံးမို့...သူညက ကောင်းကောင်းအိပ်လိုက်ရမှာမဟုတ်...။ သတိထားကြည့်မိမှ...သူ့မျက်နှာကျက ကောနဲ့တောင် ဆင်သလိုလို...။ မရည်ရွယ်မိဘဲ..သူ့မျက်နှာအစိတ်အပိုင်းတွေကို လိုက်ကိုင်ကြည့်မိသွားတာ...အင်း... ကောနဲ့ ညီအစ်ကိုလို့ ပြောရင်တောင် ယုံနိုင်လောက်တယ်...
သူ လူးလွန့်လာတာမို့..လက်ကို အမြန် ပြန်ရုပ်ပြီး...မျက်လုံးမှိတ်ကာ အိပ်နေလိုက်သည်...။ အခုလို တစ်ကုတင်တည်း တူတူအိပ်နေရတာ ရှက်စရာကြီး...
" ဟင်...ညက သေချာဖက်ထားတာကို ဘယ်လိုလုပ် ဟိုဖက်ရောက်သွားတာပါလိမ့်..."
ကျွန်တော့်ရင်ခွင်ထဲမှာ မဟုတ်ဘဲ..ဘေးထွက်အိပ်နေတာကြောင့်...သူ့နားပြန်တိုးပြီး..အဖျားစမ်းကြည့်လိုက်ရသည်..
" ဟင်း...အဖျားလည်း နည်းနည်းမှ မကျပါလား...."
ညထဲက အခန်းထဲရောက်တာနဲ့ တန်းအိပ်နေတာကြောင့် ဆေးလည်းတိုက်လို့မရ..ညစာလည်း နှိုးကျွေးလို့မရ...။ ရေပတ်တိုက်ပေးနေတာကိုတောင် ငြိမ်မခံဘဲ...ကျွန်တော့်ကိုပဲ..အတင်းဆွဲဖက်နေတာကြောင့် ကုတင်ပေါ်ကတောင် ပြန်ဆင်းမရ...။ တစ်ညလုံးလည်း တကယ်အိပ်မရတာ...ကလေးလို အီနေတဲ့ အသံကြောင့်...အိပ်ပျော်လိုက် လန့်နိုးလိုက် ဖြစ်နေခဲ့ရသည်...
![](https://img.wattpad.com/cover/214149528-288-k209024.jpg)
ESTÁS LEYENDO
Trust Your Heart [Completed]
Fanficဒီဇာတ်လမ်းက လှပချောမွေ့မှု မရှိခဲ့ပဲ အရိုင်းသက်သက် စခဲ့တဲ့ Love Story လေးပါ... အချိန်တွေသာ နောက်ပြန်ဆုတ်ခွင့်ရခဲ့မယ်ဆိုရင်...ဟင့်အင်း...အခုချိန်မှာ နောက်ပြန်ဆုတ်ချင်ကြသေးရဲ့လားဆိုတာ မသေချာတော့ဘူး. . . ...