(UOLS) part 5

1.6K 104 2
                                    

(Unicode)

"ဟဲ့...မြေး...မြေးလေး...ရိပေါ်...ထဦး..."

အဘွားရဲ့...လှုပ်နှိုးလိုက်တဲ့အသိနဲ့...အဘွားအသံကြောင့်...ရိပေါ်နိုးလာပေမဲ့...မျက်လုံးမဖွင့်သေးပဲ...လှုပ်နှိုးနေတဲ့...အဘွားရဲ့လက်ကို...ဆွဲကာ...မျက်နှာအပ်...အိပ်ချင်...ဟန်ဆောင်နေလိုက်သည်...

"အိပ်ချင်ဟန်ဆောင်မနေနဲ့...မြေး...ထ..ထ.."

သူပြန်အိပ်ချင်...ဟန်ဆောင်နေမှန်း...အဘွားဘလိုလုပ်သိတာလဲ...သိချင်စိတ်ဖြစ်သွားပြီး...ရိပေါ်...မျက်လုံးအစုံတို့ပွင့်ကာ...အဘွားကို...တအံ့တသြ...ကြည့်မိတော့...

"​ဒီလောက်မျက်နှာကြီးက...ပြုံးဖြီးပြီး...ဘွားလက်ကို...ဆွဲအိပ်နေမှတော့...ဘွားမသိပဲနေမလား...ငါ့မြေးရဲ့..."

ရိပေါ်ပါးလေးကို...ဘွားကချစ်စနိုးနဲ့...ဆွဲဖစ်လိုက်တော့...ရိပေါ်က...သွားလေးတွေပေါ်အောင်...ရယ်သည်...

"ကဲ...ထတော့...ခုနက...အိပ်နေတာသိုးနေတာပဲ...မနည်းနှိုးယူရတယ်...ညစာမစားရသေးဘူးမလား...လာ...ဘွားနဲ့...အတူစားရအောင်..."

"ဟုတ်...ဘွား..."

မြေးအဘွား...နှစ်ယောက်...ခြံစောင့်ဦးလေးတို့...မိသားစုက...လာပို့ပေးထားသည့်...ဟင်းနှင့်ထမင်း...အတူစားလိုက်ကြသည်...ရိပေါ်ကလည်း...မချက်တတ်...ရိပေါ်ငယ်ငယ်တုန်းကတော့...အဘွားကအမြဲ...ချက်ကျွေးနေကြ...အခုတော့...အဘွားလည်းအသက်...အရမ်းကြီးလာတော့...မချက်နိုင်တော့ပေ...

ပေကျင်းအိမ်တွင်တော့...ထမင်းချက်အန်တီကြီး...ရှိသည်မို့အဆင်ပြေပေမဲ့...အခုတော့...ခြံစောင့်ဦးလေးကြီး...မိသားစုကိုပဲ...အားနာနာနဲ့...အကူညီတောင်းရဦးမည်...

ထမင်းစားကြပြီးတော့...ရိပေါ်က...ဘွားပန်းကန်နှင့်...သူ့ပန်းကန်ကိုယူကာ...ဆေးသည်...

"မြေးလေး...ရိပေါ်...ညကျရင်စောစောအိပ်ဦး...ဘွားတို့...မနက်စောစော...ထပြန်ရမှာ...နက်ဖြန်...မြေးရဲ့...ကျောင်းလည်း...ဖွင့်ပြီမလား..."

"ဟုတ်...ဖွင့်ပြီ...ဘွား..."

ပန်းကန်ဆေးနေရင်း...ရိပေါ်...လှမ်းဖြေလိုက်တော့မှ...ဘွားက...ဘွားရဲ့အိပ်ခန်းထဲ...ဝင်သွားတော့သည်...

Universe of love seeker[ရပ်နား]Where stories live. Discover now