(Unicode)
ထမင်းစားခန်းထဲတွင် ၃ဦးသား တိတ်တိတ်ဆိတ်ဆိတ်နှင့် ထမင်းစားသောက်
နေကြလျှက်။ထိုအချိန်တွင် တိတ်ဆိတ်မှု့ကို စတင်ဖြိုခွင်းလာသူက ရိပေါ်ရဲ့မား။"သားနာမည်က...ဘလိုခေါ်လဲ။"
"ကျွန်တော့်နာမည်က...ရှောင်ရှောင်းကျန့်ပါ"
ရိပေါ်က ဘာတစ်ခွန်းမှဝင်မပြောပဲ ထမင်းစားနေရင်း ဘေးမှ အသာနားစွင့်
နေလျှက်ရှိသည်။"သား အခုလိုဒဏ်ရာတွေ ရထားတာ
သားမိဘတွေကို ဆက်သွယ်ပြီး စိတ်မပူဖို့ သေချာပြောပြထားဦး။""ကျွန်တော့်မှာမိဘတွေမရှိတော့ဘူး။
အန်တီ။ကျွန်တော်က တစ်ကောင်ကြွက်
ပါ "ခပ်ပြုံးပြုံးလေး ပြန်ဖြေလာတဲ့ ရှောင်း
ကျန့်ရဲ့မျက်ဝန်းတွေမှာတော့ မဖုံးနိုင်မဖိနိုင်အောင် ဝမ်းနည်းရိပ်တွေ ထင်ဟပ်နေသည်။ရိပေါ်မားကတော့ ရှေ့က ရှောင်းကျန့်ဆိုတဲ့ ကောင်လေးကို စိတ်မကောင်းစွာ သနားဂရုဏာသက်မိသည်။စားလက်စ ထမင်းကို ရိပေါ်ဆက်မဝါးနိုင်တော့ ရှောင်းကျန့်ကို ဘေးတိုက်အနေထားနှင့် မျက်လုံးလေးထောင့်ကပ်ကာ မသိမသာ လှမ်းကဲကြည့်လိုက်သည်။ဝမ်းနည်းရိပ်တွေဖြတ်ပြေးနေတဲ့ အရည်လဲ့လဲ့ မျက်ဝန်းလေးတွေနဲ့ အပြုံးရေးရေးလေးကိုမြင်ရတော့ ဘာ့ကြောင့်မှန်းမသိ ရိပေါ်ရင်ထဲလဲ အနည်းငယ် ဆို့ဆို့နင့်နင့်ဖြစ်လာလျှက်။
"မြှောင်..."
ထိုအချိန် မြှောင်သံပေးပြီး ရှောင်းကျန့်ရဲ့ခြေထောက်ကို ခေါင်းလေးတိုးဝှေ့ကာ ပွတ်သီးပွတ်သတ်လုပ်နေတဲ့ ခီခီ။
"ခီခီက...အရင်ကရိပေါ်နားပဲအမြဲကပ်တာ...သူစိမ်းတွေဆိုတစ်ခါမှ အနားကပ်မခံဘူး။အခုတော့ ရှောင်းကျန့်ကို ခီခီက အရမ်းသဘောကျတယ်ထင်တယ် အနားကိုတောင် လာကပ်ပြီးချွဲလို့"
ရိပေါ်မားက သဘောတကျပြုံးကာ ပြောပြလာတော့ အမြီးလေးတစ်နှံ့နှံ့နဲ့ ခေါင်းလေးအတင်းဝှေ့ပြီး ကပ်ချွဲလေးလုပ်နေတဲ့ ခီခီ့ကို ရှောင်းကျန့် အသည်းတယားယားနှင့် ခေါင်းလေးအသာ ပွတ်သတ်ပေးလိုက်သည်။
YOU ARE READING
Universe of love seeker[ရပ်နား]
Fantasy(Yizhan and Zhanyi) zawgyi & unicode ကျွန်တော် ကောရှိရာကမ္ဘာထိ အရောက်လာခဲ့မယ် Wangyibo စုန်းကဝေလေး လန်ရိပေါ် နဲ့ ရှောင်ရှောင်းကျန့်ရဲ့ ကံကြမ္မာ(The Witch) ကျွန်တော် ကောရှိရာကမ္ဘာထိ အရောက်လာခဲ့မယ် wangyibo စုန်းကဝေလေး လန်ရိပေါ်နဲ့ ရှောင်ရှောင်းကျန့်ရဲ့...