(unicode)
ကျောင်းဆေးခန်းထဲရှိ...ကုတင်ပေါ်တွင်...
ဝမ်ရိပေါ်တစ်ယောက်...အဖျားတက်ပြီးအိပ်ပျော်နေသည်...xiao zhan...ရောက်လာတော့...ဝမ်ဘင်းမှာ...ပျာယိပျာယာနှင့်...အနွေးထည်တစ်ထည်...ကောက်ဝတ်ကာ...မှာတမ်းတွေချွေနေသည်...
"စီနီယာရှောင်း...ရိပေါ်က...
လောလောဆယ်...အဖျားတက်ပြီးအိပ်ပျော်နေတယ်.. ခုနပဲ...ဆရာဝန်က...
ဆေးလာထိုးပေးထားတာ...ဟို...စီနီယာ...
ခနထိုင်စောင့်ပေးထားလို့ရမလား...
ကျွန်တော့်ကိစ္စတွေပြီးရင်...အမြန်ပြန်လာခဲ့ပါ့မယ်...အခုချက်ချင်း...ကျွန်တော်သွားမှဖြစ်မှာမို့...ကူညီပါဦးနော်...စီနီယာ...""ရပါတယ်...စိတ်ချလက်ချသွား...
အကို...စောင့်နေပေးမယ်...""ဟုတ်...ဒါဆို...ကျေးဇူးပါပဲနော်...စီနီယာ...
ကျွန်တော်သွားပြီ..."ဝမ်ဘင်းထွက်သွားတော့...ဆေးခန်းလေးထဲတွင်...အိပ်ပျော်နေသောဝမ်ရိပေါ်နှင့်...
ကုတင်ဘေးတွင်...ထိုင်စောင့်နေသော...
xiao zhanတို့၂ဦးပဲ...အချိန်အတော်ကြာ...
တိတ်ဆိတ်လျှက်...ကျန်ရှိနေခဲ့သည်...ဖြူဖြူစင်စင်အိပ်ပျော်နေတဲ့...မျက်နှာဖြူဖြူနုနုလေးကိုကြည့်ပြီး...xiao zhan...ရင်တွေခုန်နေသည်...
ဒီကောင်လေးအပေါ်...ဘာမှန်းမသိတဲ့...မရေရာတဲ့...ခံစားချက်တွေ...ဘယ်အချိန်ကတည်းက...ကိန်းဝပ်နေမိမှန်းမသိလိုက်ပေ...
အဖျားအရှိန်နှင့်...ပူနွေးနွေးဖြစ်နေသည့်...
ဝမ်ရိပေါ်ရဲ့...ပါးရဲရဲလေးကို...လက်နှင့်အသာအယာ...ထိတွေ့မိသည်...ထိုစဥ်...စားပွဲပေါ်ရှိ...ဝမ်ရိပေါ်ရဲ့ဖုန်း...
မြည်လာသဖြင့်...xiao zhan...စိတ်နှင့်လူ...အသိစိတ်ကပ်ကာ...လက်တို့...အမြန်နောက်ဆုတ်လိုက်သည်....
xiao zhan...ရင်တွေတုန်နေပြီး...လက်မှာလည်း...သိသိသာသာတုန်ယင်နေသည်...တစ်လှပ်လှပ်ခုန်နေသည့်...နှလုံးသားရှိရာ...ရင်ဘတ်ကို...လက်နဲ့အသာဖိလိုက်တော့...ရင်တွေအရမ်းခုန်နေသည်ကို...
ခံစားရသည်...ငါ...ငါ...ဘာလုပ်...ဘာလုပ်မိလိုက်တာလဲ...
အခု...ငါ...ဒီကောင်လေးကို...ရင်ခုန်နေမိတာလား...
KAMU SEDANG MEMBACA
Universe of love seeker[ရပ်နား]
Fantasi(Yizhan and Zhanyi) zawgyi & unicode ကျွန်တော် ကောရှိရာကမ္ဘာထိ အရောက်လာခဲ့မယ် Wangyibo စုန်းကဝေလေး လန်ရိပေါ် နဲ့ ရှောင်ရှောင်းကျန့်ရဲ့ ကံကြမ္မာ(The Witch) ကျွန်တော် ကောရှိရာကမ္ဘာထိ အရောက်လာခဲ့မယ် wangyibo စုန်းကဝေလေး လန်ရိပေါ်နဲ့ ရှောင်ရှောင်းကျန့်ရဲ့...