(UOLS) part 25

1.6K 79 6
                                    

(Unicode)

လွန်ခဲ့သော ၁၅နှစ်ခန့်တွင်....

ရိပေါ်တို့အိမ်ရဲ့...မျက်နှာချင်းဆိုင်အိမ်သို့...မိသားစုတစ်စု...ပြောင်းလာသည်...

ချယ်ရီပန်းတွေဝေနေတဲ့...အပင်အောက်ရှိ...မြက်ခင်းနုနုပေါ်တွင်...အသက်၅နှစ်အရွယ်...ဝမ်ရိပေါ်လေးထိုင်ပြီး...ဆိုင်ကယ်ရုပ်လေး...ကိုင်ကာ...ဆော့နေသည်...

"ဘူး...ဗွန်း...ဘွန်း...ဘွန်း........ဘွန်း~~...
ဘရိတ်အုမယ်...ကျွိ..."

ဆိုင်ကယ်အရုပ်လေး...ဟိုဘက်တွန်း...ဒီဘက်တွန်းပြီး...နှုတ်ခမ်းဖူးဖူးထော်ထော်လေး...လှုပ်စိလှုပ်စိနှင့်...အသံထွက်အောင်...ဆော့နေတဲ့...ဝမ်ရိပေါ်ပေါက်စက...အသည်းယားဖွယ်...အလွန်ချစ်ဖို့ကောင်းနေသည်...

ချယ်ရီပင်နားရှိ...ထင်းရှုးပင်အောက်မှ...
ဝမ်ရိပေါ်ပေါက်စကို...ငေးနေတဲ့...
ကောင်လေးတစ်ယောက်လည်း...ရှိနေခဲ့သည်...
ရှနိုးနိုး...ထိုပေါက်စနကိုငေးရင်းငေးရင်း...
အောက်သေချာမကြည့်မိပဲ...
သစ်ကိုင်းခြောက်လေးတစ်ခု...တက်နင်းမိသည်...

ရိပေါ်ပေါက်စ...ဆော့နေရင်း...သစ်ကိုင်းကျိုးသံကြောင့်...အသံလာရာ...ငေး
ကြည့်လိုက်သည်...

အသားဖြူဖြူ...မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့...သေးသေးသွယ်သွယ်...ကောင်လေးတစ်ယောက်...ထင်းရှုးပင်အောက်မှ...
မဝံ့မရဲ...ထွက်လာသည်...

"Hi...ငါကမင်းရဲ့...အိမ်နီးချင်းပါ...
မျက်နှာချင်းဆိုင်အိမ်ကို...မနေ့ကမှ...
ပြောင်းလာတာ...ငါ့နာမည်က...ရှနိုးနိုး...
မင်းနာမည်ရော...ဘယ်လိုခေါ်လဲ..."

ရယ်ကျဲကျဲနဲ့...မိတ်ဆက်လာတဲ့ကောင်လေးကို...ရိပေါ်ပေါက်စက...မျက်လုံးလေးပြူးပြီး...​တွန့်ဆုတ်တွန့်ဆုတ်နှင့်...ပြန်​နှုတ်ဆက်သည်...

"ငါ့...ငါ့နာမည်က...ဝမ်...ဝမ်ရိပေါ်!..."

သူစိမ်းတွေဆို...မခင်တွယ်တတ်တဲ့...ရိပေါ်က...စကားအရမ်းများပြီး...ဖော်ရွေတဲ့...
ရှနိုးနိုးနဲ့မှ...အချိန်တိုအတွင်း...ရင်းနှီးလာခဲ့သည်...

ရှနိုးနိုးက...ရိပေါ်ကို...တွေ့တိုင်း...အမြဲပြုံးရယ်ပြသည်...ရိပေါ်ကိုလည်း...မျက်စိအောက်က...အပျောက်မခံပဲ...အရမ်းဂရုစိုက်သည်...

Universe of love seeker[ရပ်နား]Where stories live. Discover now