(The witch 1) part 37

883 35 6
                                    

(Unicode)

မှောင်ရီစပျိုးလာသည့်အချိန် ခပ်ကျည်းကျည်း လမ်းငယ်လေးတစ်ခုပေါ်တွင်  ရှောင်ရှောင်းကျန့်၏ ခြေလှမ်းများမှာ
အမြန်ခပ်သွက်သွက်နှင့် လျှောက်လှမ်းနေသည်။

လမ်းလေးတစ်လျှောက် လမ်းမီးတိုင်
မှိန်မှိန်ပျပျက မြို့ပြနဲ့အနည်းငယ်ဝေးတဲ့ လူပြတ်လေ့ရှိတဲ့ မြို့အစွန်ရှိလမ်းငယ်
လေးထက်တွင် အပြည့်အဝ အလင်းကောင်းကောင်း မပေးနိုင်ဘူး။မြို့နှင့်အတော်အလှမ်းဝေးတဲ့မြို့ပြင်ဖြစ်တာကြောင့် လူသူမရှိ အလွန်တိတ်ဆိတ်ခြောက်ကပ်နေသည်။လမ်းရဲ့ဘေးတစ်ဖက်တစ်ချက်စီမှာလည်း မှောင်
မှောင်မဲမဲနှင့် တောအုပ်ခပ်ထူထူများမှာ ​
အုံ့အုံ့စိုင်းစိုင်းနှင့် ခြောက်ခြားဖွယ်ရာအတိ။​

သွားနေကျဒီလမ်းလေးထက်ဝယ် ပုံမှန်အချိန်တိုင်း သူအိမ်စောစောပြန်လေ့ရှိပေမဲ့ ဒီနေ့မှ စာအုပ်ဆိုင်ကအပြန် အချိန်ကြာသွားခဲ့၍ အိမ်ပြန်ချိန် အလွန်နောက်ကျသွားခဲ့သည်။
သူအမှောင်ကို မကြောက်တတ်ပေမယ့်
လည်း ယနေ့မှ ထူးထူးခြားခြားသူ၏
နောက်ကျောဘက်က တစ်ခုခုနောက်မှ ထပ်ကြပ်မကွာလိုက်လာနေသလို ခံစားချက်ကြောင့် ခန္ဓာကိုယ်တွင်း ကြက်သီးတစ်ဖျင်းဖျင်းထလာသည်။အေးလာသည့် ညပိုင်းအချိန်​အခါကြောင့်လား။တောအုပ်၏ အေးစိမ့်နေမှု့ကြောင့်ပဲလားမသိ။သူ၏နောက်ကျောပြင်မှာ ချမ်းစိမ့်စိမ့်နှင့် အအေးဓာတ်ကို ခံစားနေရသည်။

ရုတ်တရက် တစ်ဖျတ်ဖျတ်နှင့် နောက်မှအမှီလိုက်လာနေသလို ခြေသံကြားလိုက်ရသည်ကြောင့် အမြန်လှမ်းနေသည့် သူ၏ခြေလှမ်းအစုံမှာ ခြေမခိုင်ချင်တော့။

ထိုခြောက်ခြားဖွယ်ရာ ခြေသံတွေကြောင့် ကြောက်စိတ်နှင့်အတူ ရှိသမျှခေါင်းမွှေးအကုန်ထောင်လာပြီး စိတ်တွေကယောင်ခြောက်ခြားဖြစ်လျှက် ထူပူနေမိသည်။

သူပြေးမှဖြစ်တော့မည်ဆိုသည့်အသိ ချက်ချင်း ခေါင်းထဲတိုးဝင်လာပြီးနောက် လက်သီးကျစ်ကျစ်ဆုပ်လျှက် နောက်မ
လှည့်တမ်း အမြန်ပြေးလာလိုက်သည်။

အကူညီတောင်းစရာလူ တစ်ယောက်မှ
မရှိတဲ့ အခုလိုနေရာမှာ  အနောက်မှလိုက်လာတဲ့ ဘာမှန်းမသိတဲ့အရာကို မျက်နှာချင်းဆိုင် ရဲရဲရင်ဆိုင်ကြည့်ဖို့ သူ့မှာသတ္တိမရှိဘူး။

Universe of love seeker[ရပ်နား]Where stories live. Discover now