(Unicode)
၂ရက်ဆိုတဲ့ အချိန်အတိုင်းအတာ တစ်ခုမှာ ရှောင်းကျန့်နှင့် ရိပေါ် ကြားက ဆက်ဆံရေးတစ်ခုက အတော်လေး ရင်းနှီးလာခဲ့ကြသည်။
တီဗီရှေ့ရှိ ဆိုဖာထက်တွင် ကိုရီးယားစုန်းကားထိုင်ကြည့်နေသည့် ရိပေါ်မှာ ကြိတ်မနိုင်ခဲမရနှင့် ဒေါသတစ်ငွေ့ငွေ့ထွက်နေလေသည်။"ဘယ်စုန်းကများ အသည်းစားတယ်လို့ ကြားဖူးလို့လဲ။အဓိပ္ပါယ်မရှိတာတွေ။တခြားဇာတ်ကား ပြောင်းကြည့်မယ်"
"အဲ့စုန်းမအစား ငါရှက်တယ်။စုန်းမက လှလည်းမလှဘူး။ရုပ်ဆိုးတဲ့စုန်းမကိုဒီဇာတ်ကားထဲပဲ ငါမြင်ဖူးတယ်။စိတ်ပျက်လိုက်တာ။"
"ဒီစုန်းထီးက ရွံစရာကြီး။ညစ်ပတ်ပေရေနေတာပဲ။ဘယ့်နှယ့် စုန်းသိက္ခာကျတယ်။"
ရိပေါ်နှင့်အတူ ဆိုဖာတွင်ဇာတ်ကားအတူတူထိုင်ကြည့်နေသည့် ရှောင်းကျန့်မှာအေးအေးလူလူနှင့် ဇာတ်ကားကောင်းကောင်းမကြည့်ရပေ။ဇာတ်လမ်းခွေတွေ တစ်ခွေပြီးတစ်ခွေပြောင်းကြည့်လိုက် ပြစ်တင်ဝေဖန်ရေးဆင်းလိုက် လုပ်နေတဲ့ ရိပေါ်ကြောင့် ဇာတ်ကားအတူကြည့်မိသည်ကိုပင် အမှန်တကယ် နောင်တရနေမိသည်။
ဇာတ်ကားကြည့်ချင်စိတ်လည်း မရှိတော့တာကြောင့် ရှောင်းကျန့် ဆိုဖာမှ ထရန်ဟန်ပြင်တော့ ရိပေါ်က သူ့ရဲ့လက်တစ်ဖက်ကို လှမ်းဆွဲထားသည်။
"အတူကြည့်မယ်လေ...ကျန့်ကော။ဒီဇာတ်ကားမကြိုက်လို့လား။တခြားဇာတ်ကား ပြောင်းပေးမယ်လေ"
"တော်ပြီ...မင်းလုပ်နေပုံနဲ့...ကြည့်ချင်စိတ်ကိုမရှိတော့ဘူး"
"ဘာဖြစ်လို့လဲ...ကျွန်တော်ဘာလုပ်မိလို့လဲ"
ပြန်ပြောနေတဲ့ ရိပေါ်ရုပ်လေးက ခုနကပဲ ဘေးမှာတစ်ရစပ် လေထိုင်ပွားနေတာ သူပဲမဟုတ်တော့သလိုလို။
"မင်းလုပ်ပုံကိုလည်းကြည့်ဦးလေ။ဇာတ်လမ်းကို ကောင်းကောင်းမကြည့်ပဲ ဇာတ်ကားခွေ ခဏခဏပြောင်းပြီး မကောင်းတာတွေပဲ လိုက်ဝေဖန်နေတာ မဟုတ်ဘူးလား"
"အမ်...ဒါကရိုက်ထားတဲ့ဇာတ်လမ်းက်ိုက ယုတ်တိမှမရှိတာ။မဖြစ်သင့်တာတွေကို"
YOU ARE READING
Universe of love seeker[ရပ်နား]
Fantasy(Yizhan and Zhanyi) zawgyi & unicode ကျွန်တော် ကောရှိရာကမ္ဘာထိ အရောက်လာခဲ့မယ် Wangyibo စုန်းကဝေလေး လန်ရိပေါ် နဲ့ ရှောင်ရှောင်းကျန့်ရဲ့ ကံကြမ္မာ(The Witch) ကျွန်တော် ကောရှိရာကမ္ဘာထိ အရောက်လာခဲ့မယ် wangyibo စုန်းကဝေလေး လန်ရိပေါ်နဲ့ ရှောင်ရှောင်းကျန့်ရဲ့...