(UOLS) part 15

960 71 2
                                    

(Unicode)

ထမင်းစားကြပြီးနောက်...မားက...ပြောစရာရှိသည်ဆို၍...အခုမားအခန်းထဲတွင်...xiao zhanနှင့်မား...ရောက်နေကြသည်...

မားက...တစ်ခုခုကိုပြောပြရန်...
အနည်းငယ်စိတ်ရှုပ်ထွေးနေဟန်...မျက်နှာလည်းသိပ်မကောင်းပေ...

မားပြောမည့်စကားကို...xiao zhan...နား
စွင့်နေတုန်း...မားကသက်ပြင်းဖွဖွချသည်...

"သား...ကျန့်ကျန့်...ခုနက...မား...ရိပေါ်ရဲ့အဘွားကို...မားဖုန်းဆက်တာ...သားသိတယ်မလား..."

"ဟုတ်...သားသိပါတယ်...ဘာဖြစ်လို့လဲမား..."

"အင်း...ဘွားဝမ်က...အခုဆေးရုံတက်နေရတာ...မသက်သာဘူးထင်တယ်...
ကျန်းမာရေးအခြေအနေ...သိပ်မကောင်းဘူးတဲ့...ရိပေါ်လေးကို...လက်တလောခေါ်ထားပေးပါတဲ့...သူ့မြေးကို...သူနေမကောင်းတာမ​သိပါစေနဲ့လို့...မားကိုအကူညီတောင်းတယ်..."

စိတ်မကောင်းကြီးစွာ...မား​ကပြောသည်...

"ဒါပေမဲ့...မား...သားတို့ကအဖြစ်မှန်ကို...မပြောပြပဲ...နောက်မှဝမ်ရိပေါ်သိသွားရင်...သူ...ပိုခံစားရမှာပေါ့...ကြိုပြောပြထားသင့်တယ်လို့...သားထင်တယ်...မား..."

"သူ့အဘွားရဲ့ဆန္ဒပဲလေ...မားတို့လိုအပြင်လူကဘာတတ်နိုင်မှာလဲ...မားလည်းမနက်ဖြန်...ဘွားဝမ်...အခြေအနေ...သွားကြည့်လိုက်ဦးမယ်...သားကိုမား...မှာချင်တာကတော့...ဒီကိစ္စရိပေါ်လေးကို...မပြောပြနဲ့...သား...နောက်ပြီး...ရိပေါ်လေးကို...
သားညီလေးအရင်းလို...သေချာဂရုစိုက်စောင့်ရှောက်ပေး...ဒီကလေးက...ငယ်ကတည်းက...မိဘတွေမရှိရှာဘူး...
သနားပါတယ်..."

မားက...ဝမ်ရိပေါ်တို့...မြေးအဖွားအပေါ်...
သနားဂရုဏာသက်နေပုံပေါ်သည်...
ဝမ်ရိပေါ်နဲ့သူ့အဘွားအကြောင်း...မားပြောပြလာ​တော့...xiao zhanလည်း...
အလွန်စိတ်မကောင်းဖြစ်မိသည်....

"သားနားလည်ပါတယ်...စိတ်ချပါ...
မား...အရမ်းလည်းစိတ်မကောင်းမဖြစ်ပါနဲ့..."

"အေးပါကွယ်...ဒါဆိုသား...သွားနားရင်သွားနားတော့လေ..."

"ဟုတ်...မား...good nightပါ...မား..."

xiao zhan...မားအခန်းထဲကထွက်လာတော့...အိမ်ကြီးတစ်ခုလုံး...အပ်ကျသံပင်မကြားရအောင်...တိတ်ဆိတ်နေသည်ကို...သတိထားမိသည်...

Universe of love seeker[ရပ်နား]Where stories live. Discover now