(The witch 2) part 38

728 29 2
                                    

(Unicode)

နွီဝါးနတ်သမီးမျိုးနွယ်၏ သားစဥ်မြေးဆက်ဖြစ်တဲ့  ရိပေါ်တို့က နှစ်ပေါင်းများစွာကြာလာသည့်နောက် နတ်ဟုမခေါ်ထိုက်တော့သည့် နတ်စုန်းမှော်ပညာရှင်မျိုးနွယ်များအဖြစ် ကူးပြောင်းဖြစ်တည်လာကြသည်။

ထိုနတ်စုန်း မျိုးနွယ်စုကြီး ထဲတွင်မှ
တစ်ချို့သောစုန်းကဝေများ၏ အသောမသတ်နိုင်တဲ့ လောဘတွေကြောင့် ညစ်ညမ်းသော အနက်ရောင် အမှောင်မှော်စုန်းများဖြစ်လာကြသည်။

အနက်ရောင် မှော်စုန်းများမှာ လောဘအလွန်ကြီးသော သားကောင်များဖြစ်တဲ့ယုတ်ညံ့သည့်လူသားတွေရဲ့ အနောက်မှနေ၍ အင်အားပိုကြီးအောင် ကူညီပံ့ပိုးပေးနေကြတယ်။အနက်ရောက် အမှောင်မှော်စုန်းများမှာ မသိမသာနှင့် အောက်လမ်း စုန်းကဝေများ ဖြစ်လာကြပြီး စွမ်းရည်အရရော ပညာအရပါ အဖြူရောင်မှော်စုန်း များထက် သိသိသာသာ မှော်ပညာ လျော့နည်းလာကြသည်။

ရိပေါ်တို့လို မြို့သူမြို့သားများကို စောင့်ရှောက်ပေးသော သန့်စင်မွန်မြတ်သည့် အဖြူရောင် မှော်စုန်းများလည်း အတော်များများ မြို့တိုင်းလိုလိုတွင် ရှိနေကြသေးသည်။

စုန်းတွေက ကမ္ဘာလောကတွင် သူတို့တည်ရှိနေကြောင်းကို လူသိမခံဝံ့ကြ။
သူတို့၏ နေ့စဥ်ဘဝက ပုံမှန်လူတွေလိုပဲ လှုပ်ရှားသွားလာနေကြသည်။

အမေနှင့်သား ၂ဦးတည်းသာရှိသော
ဘဝမှာ ပန်းဆိုင်လေးဖွင့်ကာ ပန်းရောင်းပြီး ဘဝကို အေးအေးချမ်းချမ်းနှင့် အတူနေထိုင်သည်။

ရိပေါ်ငယ်စဥ်ကလေးဘဝကတည်းက အခုချိန်ထိတိုင် မားအမြဲ ​ဆုံးမနေကျ စကား​ေလေးတစ်ခွန်းရှိတယ်။

"မှော်ပညာဆိုတာက အေးချမ်းတဲ့ဘဝတွေသဘာဝအခြေအနေတွေကို ဗရမ်းဗတာဖြစ်အောင် လုပ်ပစ်နိုင်တယ်။မှော်ပညာကို မကောင်းတဲ့နေရာမှာ အသုံးချတဲ့သူတွေက အဆုံးသတ်မလှကြဘူး သား။
ဒါ့ကြောင့် မားရဲ့သားလေး ဘာပဲလုပ်လုပ် အမှန်နဲ့အမှားကိုတော့  ရွေးချယ်ဆုံးဖြတ်တတ်ပါစေ သား။"

မားအမြဲ ပြောနေကြ အဲ့ဒီစကားသံကို ကျောက်တိုင်မှာ ကမ္မည်းရေးထိုးထားသလို ရိပေါ်ရဲ့စိတ်ထဲ အချိန်တိုင်းအမြဲစွဲကျန်နေသည်။မားနှင့် သူနေ့တိုင်းအတူရှိနေရပေမယ့် မားကသူ့ကိုအမြဲစိုးရိမ်သည်။
မှတ်မှတ်ရရလည်း သတိပေးစကားအမြဲတမ်း​ဆိုနေတတ်သည်။မားရဲ့ သူ့အပေါ်အစိုးရိမ်လွန်နေတဲ့ ပူပန်မှု့တွေကို သူ​တတ်နိုင်သလောက် ဖြေလျော့ပေးချင်မိပါသည်။ကလေးမဟုတ်တော့ပဲ သူအရွယ်ရောက်လာပြီဖြစ်ကြောင်း။သူ့ကိုအားကိုးလို့ရနေပြီဖြစ်ကြောင်း။မားကို သူသိစေချင်သည်။
အခုလူကယ်တဲ့ကိစ္စမှာလည်း မလိုအပ်ပဲမားကို စိတ်ပူလွန်နေမှာစိုး၍ ဆေးကြို
သည့်အချိန်ရောက်မှ အေးဆေးပြောပြမည်ဟု သူတွေးထားလိုက်သည်။

Universe of love seeker[ရပ်နား]Where stories live. Discover now