(The witch 3) part 39

405 29 1
                                    

(Unicode)

မနက်ခင်းနေရောင်ဦးအစ တိုက်ခတ်လာသည့် လေညှင်းနုနုအဝေ့ ပန်းရနံ့သင်းသင်းလေးများ အိပ်ခန်းလေးထဲ နေရာအနှံ့ မွှေးပျံ့ထုံသင်းနေလျှက်။ရှောင်ရှောင်းကျန့်၏ နှာခေါင်းဝသို့ ပန်းရနံ့သင်းသင်းလေးတွေ လွင့်ပျံလို့ အလုအယက် တိုးဝင်လာသည်။

ဖြည်းညင်းစွာ မျက်ခွံများ တဖြည်းဖြည်း ဖွင့်လိုက်သည့်အခါ မျက်နှာကျက်ပေါ်တွင် ရောင်စုံရှုံ့အိတ်သေးသေးများ တွဲလောင်းကျနေသည် ကို ဦးစွာမြင်နေရသည်။ နိုးနိုးချင်း ပထမဦးဆုံးတွေးမိသည်က အဲ့ဒါ ဘာအိတ်လေးတွေပါလိမ့်။သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ လှုပ်ရှားရန်ပင် အားမရှိစွာ အလွန် နုံးချိနေသည့်ကြားက ဒဏ်ရာများမှာလည်း တစ်ဆစ်ဆစ်နှင့်နာကျင်ကိုက်ခဲနေသည်။

"နိုးလာပြီလား"

အသံကြားရာ အသာခေါင်းလှည့်ကြည့်လိုက်တော့ အခန်းအဝင်ဝတွင် ရေဘူးနှင့်ရေခွက်ထည့်ထားသော ဗန်းလေးကို လက်ကကိုင်ကာ သူရှိရာကုတင်နားသို့ တစ်ဖြည်းဖြည်း လျှောက်လှမ်းလာနေသောသူ။သူအလွန်အံ့သြမှင်သက်စွာ နှုတ်ခမ်းတို့ ဖွင့်ဟမိလျှက် စိတ်ထဲတိုးတိတ်စွာ ခေါ်လိုက်မိသည့် နာမ်စားလေး။

ဟင်...နတ်...နတ်သား.လေး...

အနက်ရောင် စပို့ရှပ်အင်္ကျီလေးနဲ့ အနက်ရောင်ဂျင်းအကျပ်ဝတ်ဆင်ထားတဲ့ သူ့နတ်သားလေးက ဖြူသည်ဆိုတဲ့အသားရည်ထက် ဖွေးဖွေးဥဥလေး။ဖြူနုနေတဲ့ မျက်နှာနုနုလေးက မနေ့ညက ဝိုးတိုးဝါးတား မြင်ခဲ့ရတဲ့ ပုံရိပ်ထက်ပင် အရှေ့ကပုံရိပ်လေးက ပို၍ ကြည်လင် တောက်ပနေသေးသည်။

"ဘလိုနေလဲ...သက်သာလား..."

မျက်တောင်မခတ်ပဲ ​မမှိတ်မသုန် သူ့ကိုငေးကြည့်နေဆဲ ကုတင်ပေါ်ရှိ လှဲနေသောသူမှာ အခုချိန်ထိ သူမေးတာကို ဘာသံမှ ပြန်တုန့်ပြန်မလာသေး။ဒီလောက်ဒဏ်ရာလေးရရုံနဲ့ အတိတ်မေ့သွားတာတော့ မဟုတ်လောက်ပါဘူးနော်။ငါပြောနေတဲ့စကားကိုပဲ နားမလည်တာလား။စကားပဲ မပြောတတ်တော့တာလား။

"မေးတာဖြေဦးလေ...ဘာလဲ...စကားမပြောနိုင်တော့တာလား"

ရှောင်းကျန့်အတွက်တော့ သူ့အရှေ့မှာ ရပ်ပြီး မေးခွန်းတွေမေးနေတဲ့ နတ်သားလေးကိုပဲ သတိလက်လွတ် ငေးမောနေမိသည်။သူအိမ်မက်မက်နေတာများလား။အခုထိသူ့မှာ ဇဝေဇဝါအတွေးများနှင့် အိမ်မက်လား၊တကယ်လား သူမသဲကွဲဘူး။နောက်ပြီး သူ့နတ်သားလေးရဲ့ အသံက အနည်းငယ် သြရှရှလေး။အင်းးး...
သူ့အတွက်တော့ နားထောင်လို့ကောင်းတယ်။

Universe of love seeker[ရပ်နား]Donde viven las historias. Descúbrelo ahora