(Unicode)
ဘွား...ကျွန်တော့်ရဲ့ဘွားဘွား...ရှင်သန်နေတဲ့နေ့ရက်တွေမှာ...တွယ်တာစရာ...
သွေးသားရင်းချာဆိုလို့...ဘွားဘွားတစ်ယောက်ပဲ...ရှိတော့သည်...ဘွားက...ကျွန်တော့်ဘဝမှာ...အရေးကြီးဆုံးပဲ...ယခုမိုးတွေ...ပိန်းမှောင်နေအောင်...အေးစက်နေတဲ့အထိ...ရွာချနေသည်...
အားကုန်သွားတဲ့...ဖုန်းလေးကို...ပြန်ပွင့်လာလေမလား...မဖြစ်နိုင်တဲ့...မျှော်လင့်ချက်နဲ့...ငူငိုင်ငိုင်လေး...ကြည့်နေမိသည်...အေးစက်စက်လေထုက...ကျွန်တော့်နှလုံးသားထဲထိ...ထိုးဖောက်ဝင်ရောက်လာသလို...လူနဲ့အတူ...နှလုံးသားတစ်ခုလုံးလည်း...အေးခဲ...တုန်ရီလာသည်...
အနွေးဓာတ်...ကျွန်တော့်အတွက်တော့...ဘွားရင်ခွင်က...ကျွန်တော့်အတွက်အနွေးဓာတ်ပဲ...ငယ်ငယ်လေးကတည်းက...အေးရင်...ဖွားရင်ခွင်ထဲဝင်ပြီး...အနွေးခိုလှုံနေကျ...ရုတ်တရတ်...လူကအားငယ်လာသလိုလို...ဝမ်းနည်းလာသလိုလို...အထီးကျန်လာသလိုလို...ခံစားလာရသည်...ဒူးနှစ်ဖက်လက်နဲ့ပိုက်...ခေါင်းငုံ့ကာ...ဝမ်းနည်းရိပ်သန်းလာသည်...လူကငိုချင်လာသလို...ခံစားရသည်...
ထိုအချိန်...ခန္ဓာကိုယ်မှာ...နွေးနွေးလေးဖြစ်သွားတဲ့...ခံစားချက်...ဒီအနွေးဓာတ်လေးက...အေးစက်နေတဲ့သူ့ကို...နွေးထွေးမှု့နဲ့...နှစ်သိမ့်ပေးနေသလို...
သူဝမ်းနည်းနေသည့်ကြားမှ...အနွေးဓာတ်ပေးတဲ့သူကို...မျှော်လင့်တကြီး...ကြည့်လိုက်သည်...
အော်...ဟိုစီနီယာရှောင်းပဲ...သူ့ကိုကြည့််လိုက်တဲ့အချိန်...ကျွန်တော့်ရဲ့...မျှော်လင့်ချက်...အလင်းရောင်ခြည်ကို...ကျွန်တော်
...ရှာတွေ့သွားသလို...ခံစားလိုက်ရသည်...ထိုသူပြောနေတဲ့စကားတွေ...မကြားမိပဲ...ထိုသူနွေးထွေးစွာ...ကမ်းပေးတဲ့...လက်တစ်ဖက်ကိုပဲ...ငေးကြည့်နေမိသည်...ထိုလက်ကို...ဖမ်းဆုပ်ထားချင်မိသည်...
ကျွန်တော်က...ကိုယ့်ဘောင်နဲ့ကိုယ်...နေတတ်တဲ့အကျင့်က...အမြဲအသားကျနေပြီးသား...ဒါပေမဲ့...
ကျွန်တော်က...သူပေးကမ်းတဲ့...နွေးထွေးမှု့နဲ့...ထိုက်တန်ရဲ့လား..."ခင်ဗျားလက်ကြီး...ဖယ်ပေး...အရမ်းစိတ်ရှုပ်ဖို့ကောင်းတယ်..."
YOU ARE READING
Universe of love seeker[ရပ်နား]
Fantasy(Yizhan and Zhanyi) zawgyi & unicode ကျွန်တော် ကောရှိရာကမ္ဘာထိ အရောက်လာခဲ့မယ် Wangyibo စုန်းကဝေလေး လန်ရိပေါ် နဲ့ ရှောင်ရှောင်းကျန့်ရဲ့ ကံကြမ္မာ(The Witch) ကျွန်တော် ကောရှိရာကမ္ဘာထိ အရောက်လာခဲ့မယ် wangyibo စုန်းကဝေလေး လန်ရိပေါ်နဲ့ ရှောင်ရှောင်းကျန့်ရဲ့...