(Unicode)
ညနေအတန်းဆင်းချိန်...ကျောင်းထဲရှိလူများ...ကိုယ်စီအသီးသီး...အိမ်ပြန်သွားကြပေမဲ့...ကျောင်းရှေ့...အုတ်ခုံပေါ်တွင်...အိမ်မှလာကြိုမည့်ကားကို...မျှော်ကာ...မပြန်ရသေးသည့်...သူတစ်ဦးရှိနေသည်...
ရိပေါ်...မရှည်သည့်စိတ်ကို...အတင်းဆွဲဆန့်ထားပြီး...အိမ်ဖုန်းကို...အကြိမ်ကြိမ်ဆက်နေသည့်တိုင်...ခုထိကိုင်မည့်သူမရှိ...ချေ...
ဒီလိုဖြစ်မယ်မှန်းကြိုသိရင်...ငါ့ရဲ့ချစ်ဆိုင်ကယ်လေးပဲ...စီးလာပါတယ်...
ဘွားဖုန်းကို...လှမ်းဆက်သော်လည်း...ဘွားက...ဖုန်းနှင့်လူ...ရံဖန်ရံခါမှ...ရှိတတ်သောကြောင့်...တစ်တီတီနှင့်မြည်ပြီး...လူကြီးမင်းနှင့်သာ...အဆုံးသတ်သည်...
ဒီဖုန်းတော့!...ငါကိုင်ပေါက်ပြီး...လွှတ်ပစ်ချင်နေပြီ...
စိတ်တိုတိုနှင့်...ပြောဆိုရင်း...မြေပေါ်ရှိ...ခဲတစ်လုံးကို...အဝေးရောက်အောင်...ကန်ထုတ်လိုက်သည်...
ကျောင်းက...မြို့ပြင်အနည်းငယ်ရောက်သည်မို့...လူပြတ်တတ်သည့်အပြင်...
taxiလည်းအလာနည်းသည်...
ရိပေါ်က...လိုင်းကားလည်း...မစီးဖူးသဖြင့်...စိတ်ညစ်ကာ...အခက်တွေ့နေသည်...ကျောင်းထဲမှ...ကလင်ကလင်...စက်ဘီးဘဲလ်...မြည်သံနှင့်...စီနီယာရှောင်းဆိုသူ...စက်ဘီးလေးစီးလာသည်ကို...မြင်လိုက်ရသည်...
ဒီလူနှင့်တွေ့လျှင်...ရိပေါ်အမြဲစိတ်ရှုပ်ရပေမဲ့...ရိပေါ်...အခုချိန်တွင်...အကူညီတောင်းစရာ...တခြားလူမရှိ...
ဝမ်ဘင်းကလည်း...ဒီနေ့မှ...အိမ်စောစော...
ပြန်သွားသည်...
တွေ့တိုင်းထိုသူကိုရန်လုပ်မိကာ...မျက်နှာပူစရာတွေရှိခဲ့ပေမဲ့...မတတ်နိုင်ပေ...အရှက်မရှိ...အကူညီ...တောင်းရပေဦးမည်...ရိပေါ်ကိုမမြင်ပဲ...ရိပေါ်နှင့်မလှမ်းမကမ်းတွင်...စက်ဘီးလေးနင်းကာ...အိမ်ပြန်ရန်လောနေသော...ထိုသူ့နား...ရိပေါ်...အပြေးလေးသွားကာ...မေးလိုက်သည်...
"ဟေ့...ခင်ဗျား...အိမ်ပြန်တော့မလို့လား..."
စက်ဘီးကို...ဘရိတ်နင်းရပ်ကာ...ထိုသူ...
မျက်လုံးပြူးလျှက်...လှည့်ကြည့်လာသည်...
YOU ARE READING
Universe of love seeker[ရပ်နား]
Fantasy(Yizhan and Zhanyi) zawgyi & unicode ကျွန်တော် ကောရှိရာကမ္ဘာထိ အရောက်လာခဲ့မယ် Wangyibo စုန်းကဝေလေး လန်ရိပေါ် နဲ့ ရှောင်ရှောင်းကျန့်ရဲ့ ကံကြမ္မာ(The Witch) ကျွန်တော် ကောရှိရာကမ္ဘာထိ အရောက်လာခဲ့မယ် wangyibo စုန်းကဝေလေး လန်ရိပေါ်နဲ့ ရှောင်ရှောင်းကျန့်ရဲ့...