(UOLS) part 32

1K 56 8
                                    

(Unicode)

မနက်ခင်းအစော...ကောင်းကင်တစ်ခွင်လုံးမှာ...အုံ့ညို့မှိုင်းမှိုင်း။လျှပ်တွေလည်းပစ်လို့...မိုးတွေလည်းခြိမ်းနေတယ်။အလိုက်မသိစွာ...မိုးဖွဲဖွဲလေးတွေကလည်း...တစ်သောသောရွာချလာသည်။
ရာသီဥတုကြောင့်...အပြင်ဘက်လေထုကချမ်းစိမ့်စိမ့်။
ခပ်ကျည်းကျည်းအခန်းငယ်ထဲတွင်...
ခပ်တိုးတိုးသီချင်းသံလေးက...အခန်းလေးထဲပျံ့လွင့်နေတယ်...
ဟူးးးး.....
xiao zhan...သက်ပြင်းမောလေးအသာချလိုက်သည်...
ဒီဥတုရာသီကို...သူတကယ်မကြိုက်ဘူး။
ဝတ်ဆင်ထားသည့်...ခမ်နွမ်းနွမ်းချည်ထည်အဝတ်ကြမ်းက...လုံလောက်တဲ့...အနွေးဓာတ်ကို...မပေးစွမ်းနိုင်ဘူး

နံရံမှာအသင့်ချိတ်ထားတဲ့...မိုးကာအရှည်ကို...ကိုယ်ပေါ်...လွှားခြုံကာဝတ်လိုက်တယ်...
ဒီလိုမိုးတွင်းတွေဆို...သူစျေးသွားရောင်းရတာ...တကယ်အဆင်မပြေပါ။

လက်ရှိသူ့ဘဝအခြေအနေက...လောကဓံ
နှင့်...ယှဥ်ပြိုင်တိုက်ခိုက်နေရသည်...
ခက်ခဲသည်။...ပင်ပန်းသည်။...နေ့စဥ်ရက်တိုင်း...ရုန်းကန်နေရသည်။

သူအခုတည်ရှိနေတဲ့မြို့နာမည်က...ရှန်ဟိုင်းမြို့။...
ပေကျင်းဆိုသည့်နာမည်နှင့်မြို့ကို...သူမြေပုံထဲမှာရှာလို့မတွေ့ဘူး။...
ထူးဆန်းတယ်။...
မျှော်လင့်ချက်တွေလည်းမဲ့နေပြီ။...
သူအိမ်မပြန်နိုင်တော့ဘူး။...
သူဘယ်ကမ္ဘာလောကကို...ရောက်နေလဲ
ဆိုတာ...သူတကယ်နားမလည်နိုင်ဘူး။...
သူအမြဲစိတ်တွေရှုပ်ထွေးပြီး
စဥ်းစားနေမိတယ်။
အခုချိန်ထိ...အဖြေရှာမတွေ့ဘူး။
သူ့အိမ်ကို...သူအရမ်းလွမ်းတယ်။...
သူ...အိမ်ပြန်ချင်တယ်။...
ရိပေါ်လေးက်ိုလည်း...အရမ်းလွမ်းတယ်။...

ဘာလိုလိုနဲ့...ရက်တွေအလီလီ...လတွေအလီလီ...​ကျော်လွန်လာခဲ့ပြီ။...ဒီလိုခက်ခဲကြမ်းတမ်းတဲ့...ကမ္ဘာလောကထဲ...သူရောက်ရှိနေခဲ့တာလည်း...၂နှစ်တောင်ကြာခဲ့ပြီ။...

ဒီကမ္ဘာမှာလည်း...ရိပေါ်ကိုရှာတွေ့နိုင်လေ
မလားဆိုပြီး...မျှော်လင့်ချက်ကိုပွေ့ပိုက်
လျှက်...နေ့စဥ်ရက်ဆက်...လမ်းမတွေထက်မှာ...အရူးတစ်ယောက်လို...အခုချိန်ထိတိုင်...လိုက်ရှာနေမိဆဲ။...
မဖြစ်နိုင်တဲ့...မျှော်လင့်ချက်တွေနဲ့...
ရိပေါ်ကို...တွေ့ဆုံနိုင်ဖို့...စောင့်မျှော်နေမိဆဲ။...

Universe of love seeker[ရပ်နား]Wo Geschichten leben. Entdecke jetzt