part 34

975 50 3
                                    

(Unicode)

ပုလဲလုံးလေးများသဖွယ် နေရောင်အောက်တွင် လင်းလက်တောက်ပနေသော မိုးဖွဲဖွဲလေးများမှာ အပြင်ဘက်တွင် တစ်တောက်တောက်နှင့် အဆက်မပြတ်ရွာကျနေဆဲပင်။
မနက်ခင်း ပြတင်းပေါက်မှ ပျံ့လွင့်လာသော မိုးနံ့သင်းသင်းလေးက အိပ်ပျော်နေသောရိပေါ်ရဲ့ နှာခေါင်းဝသို့ တိုးဝင်လာကြသည်။
လတ်ဆတ်သော မိုးရနံ့ဖျော့ဖျော့ကို ရိပေါ်အဝရှုရှိုက်နေလိုက်ရင်း မျက်လုံးများကိုဖြည်းညင်းစွာ ဖွင့်လိုက်သည်။
နိုးနိုးချင်း အိပ်ယာဘေးကို တစ်ချက်ကြည့်
လိုက်တော့ ဘေးမှာကောမရှိနေချေ။
အိပ်မှုံစုတ်ဖွားနှင့် မျက်လုံးများကိုပွတ်
လျှက် ကုတင်ပေါ်တွင် ငုတ်တုတ်ထထိုင်လိုက်သည်။

ကုတင်ဘေးရှိစားပွဲပေါ်မှ နာရီကိုတစ်ချက်ကြည့်လိုက်တော့ မနက်၉နာရီတောင်ခွဲလို့နေပြီ။ဒီအချိန်ဆိုရင်တော့ ကောအလုပ်ကို ရောက်နေလောက်ပြီ။
ကုတင်ပေါ်တွင် အ​ပျင်းကြောတစ်ချက်
ဆန့်လိုက်ပြီးနောက် ရိပေါ်ရေချိုးခန်းထဲ
သို့ ဝင်လာခဲ့လိုက်သည်။
ခါတိုင်းရက်တွေထက် ဒီနေ့မှရိပေါ် ပို၍ ပျော်ရွှင်တက်ကြွနေသည်။သီချင်းလေးတစ်ညီးညီးနှင့် ရေချိုးနေလိုက်ရင်း မှန်ထဲမှ သူ၏ခန္ဓာကိုယ်ကို တစ်ချက်ကြည့်
လိုက်သည်။
ဖြူစွပ်စွပ်အသားရည်နှင့် ပိန်ပါးပါးခန္ဓာကိုယ်လေးမှာ ရိပေါ်ကို ချစ်စရာကောင်းသည့် ကောင်လေး ပုံစံပေါ်လွင်စေသည်။
ဒီအားပျော့တဲ့ ပိန်ကပ်ကပ်ကိုယ်ခန္ဓာကို
ရိပေါ် တကယ်သဘောမကျဘူး။

"ဟိုအရင်ဘဝက bodyကမှမိုက်သေးတယ်"

အလိုမကျစွာ နှုတ်မှမကျေမချမ်း ​ပြောလိုက်ပြီးနောက် ရေကိုခပ်သွက်သွက် အမြန်ချိုးလိုက်သည်။ရေချိုးပြီးနောက် သူ၏ အဝတ်ဘီရိုက်ို ဆွဲဖွင့်လိုက်သည့်အခါ သူအလွန်စိတ်ပျက်သွားသည်။ဗီရိုထဲတွင်
အိမ်နေအဝတ်ခပ်များများနှင့် ရိုးရိုးတီရှပ်တွေချည်းသာ။စိတ်ပျက်ပျက်နှင့် ခေါင်းထဲရှိ ဆံပင်များကို စိတ်ရှိလက်ရှိ ထိုးဖွလိုက်သည်။

မနက်ဖြန်က ကောရဲ့ရုံးပိတ်ရက်ဖြစ်တာကြောင့် ရိပေါ်သပ်သပ်ရပ်ရပ်လေးဝတ်ပြီး ကောနဲ့အတူတူဒိတ်ဖို့ သူတွေးထားခဲ့တာ။
အခုတော့ သူ့မှာရှိတဲ့အဝတ်တွေက ဒိတ်အောက်တဲ့ အရောင်ခပ်မှိုင်းမှိုင်းအဝတ်တွေချည်း။
ကျစ်!။မဖြစ်သေးပါဘူး။shopping ထွက်မှဖြစ်တော့မယ်။

Universe of love seeker[ရပ်နား]Where stories live. Discover now