(UOLS) part 29

869 46 5
                                    

(Unicode)

နားထဲမှာ...ရေတစ်သွင်သွင်စီးဆင်းနေတဲ့...
အသံကို...ငြိမ့်ငြိမ့်လေးကြားနေရတယ်...

ခန္ဓာကိုယ်တစ်ခုလုံး...အလွန်အေးစက်နေတဲ့...ခံစားချက်​နှင့်အတူ...ခန္ဓာကိုယ်မှကိုက်ခဲနာကျင်မှု့တစ်ချို့လည်း...ထပ်ဆင့်ခံစားနေရတယ်...

တစ်ဝီဝီနှင့်...မြည်သံတစ်ချို့...နားထဲဆူညံစွာတိုးဝင်လာပြီး...မျက်လုံးတွေကလည်း...
မဖွင့်နိုင်အောင်...အလွန်လေးလံနေတယ်...

ဘာအသံတွေဖြစ်မလဲ??...

ညှီစို့စို့အနံ့ဆိုးဆိုးက...နှာခေါင်းထဲတိုးဝင်ရောက်လာတယ်...သူအော်ဂလီဆန်ပြီး...ရင်ထဲပျို့အန်ချင်သလိုလိုဖြစ်လာတယ်...
မှိတ်ကျနေတဲ့...လေးလေးပင်ပင်...
မျက်လုံးတွေကို...ဖြည်းညှင်းစွာ...
အနည်းငယ်...ကြိုးစားဖွင့်ယူကြည့်လိုက်တယ်...
ဝေဝေဝါးဝါး...မြင်ကွင်းထဲမှာ...လေပေါ်ဟိုဘက်ဒီဘက်...ဝဲပျံနေတဲ့အကောင်တွေ...မြင်နေရတယ်...

ဘာအကောင်တွေပါလိမ့်???
တစ်ခုခုကိုပြောဖို့...လည်ချောင်းတစ်လျှောက်...အရမ်းချောက်ကပ်နေတယ်...
သူ...ရေဓာတ်ခမ်းခြောက်နေတယ်...

သူသေသေချာချာကြည့်လိုက်တော့...သူ့ဘေးမှာလေပေါ်ဝဲနေတဲ့...အကောင်တွေ...
အများကြီးပဲ...နားလိုက်ပျံလိုက်နဲ့...
သွားလာနေကြတယ်...

ဟာ!!!......ယင်ကောင်တွေ...အများကြီးပါလား??...ဘလ်ိုဖြစ်ပြီးသူ့အနားမှာ...ဝဲပျံနေရတာလဲ??

အားမရှိတဲ့ကြားက...သူငုတ်တုပ်ထထိုင်
လိုက်တယ်...သူ့ဘေးမှာ...သွေးတွေချင်း
ချင်းနီရဲနေတဲ့...အသားစတစ်ချို့နဲ့...အရိုးတွေအပုံလိုက်...မြင်နေရတယ်...

အားးးး!!!....ရွံစရာကောင်းလိုက်တာ။သေစမ်း!!!...

စက်ဆုပ်စရာမြင်ကွင်းကြောင့်...ကြက်သီးမွှေးတွေ...တစ်ဖျင်းဖျင်းထလာတယ်...
လူက...အော်ဂလီဆန်ပြီး...အန်ချင်လာတယ်...

လေးလံနေတဲ့​ခြေထောက်ကို...အမြန်မတ်တပ်ထရပ်လိုက်တယ်...ခြေမခိုင်တဲ့ခြေလှမ်းတွေနှင့်...အားယူလျှောက်လိုက်ပြီး...အနီးကမြစ်နား...သွားထိုးအန်လိုက်သည်...

ဗိုက်ထဲမှာရေလည်းမရှိ...အစာလည်းမရှိပဲ...အန်လိုက်တော့...လူကပိုနုံးချိသွားသလိုပဲ...အားမရှိတဲ့ကြားက...သူ့ခေါင်းတွေလည်း...မူးနောက်လာသလိုလို...

Universe of love seeker[ရပ်နား]Donde viven las historias. Descúbrelo ahora