part 33

891 59 7
                                    

(Unicode)

တိတ်ဆိတ်နေတဲ့ ညဦးယံမှာ။ အလွမ်းငွေ့ငွေ့နှင့် လူတစ်ဦးကတော့ ယခုအချိန်ထိတိုင် အိပ်မပျော်နိုင်သေးပေ။ရင်ခွင်ထဲတိုးဝင် ဖက်အိပ်နေတဲ့ အကောင်ပေါက်လေးမှာတော့ အသက်ရှုသံမှန်မှန်နှင့် လွန်စွာအိမ်မောကျနေလေသည်။

ကလေးပေါက်၏ နဖူးပေါ်တွင်ဝဲကျနေသော ဆံနွယ်မျှင်လေးများကို xiao zhan လက်နှင့် အသာသပ်တင်ပေးလိုက်သည်။
အိပ်ပျော်နေသည့် မျက်နှာလေးက
တကယ့် ဖြူဖြူစင်စင်ကလေးရုပ်လေး။

ကံကြမ္မာဆိုသည်မှာလည်း အတော်လေးတော့ ထူးဆန်းသား။
ဒီကလေးကို သူကယ်တင်ခဲ့ပြီးသည့်နောက်
ရှောင်ရှောင်းကျန့်၏ မိဘ၂ပါးနှင့် ဒီကလေးငယ် ၏မိဘ များမှာ အလွန်ခင်မင် ရင်းနှီးခဲ့ဖူးသည်ကို သိရှိလိုက်ရသည်။
ဝမ်သူဌေးကြီး၏ သူငယ်ချင်းဖြစ်သူရဲ့ သားလည်းဖြစ်။သားကိုကယ်တင်ပေး
ခဲ့သည့် ကျေးဇူးရှင်လည်း ဖြစ်သည်
ကြောင့် Xiao zhanကို မွေးစားခဲ့ကြသည်။

ဆုံစည်းရမည့်ကံပါလာသော ရေစက်တစ်ခု​လေလား။ ဒီဘဝတွင်လည်း ရိပေါ်နဲ့တူသည့် ဒီကလေးလေးနှင့် သူထပ်မံဆုံဆည်းခဲ့ရပြန်သည်။

မွေးကတည်းက နှလုံးအားနည်းပြီး ချူချာနေသည့် ဒီကလေးငယ်မှာ အတိတ်လည်းမေ့နေခဲ့သည်ကြောင့်  xiao zhan ပိုမိုဂရုဏာသက်မိသည်။
ဒီကလေးကိုမြင်လိုက်တိုင်း သူ့ချစ်သူရိပေါ်ကို လည်း အကြိမ်ကြိမ်လွမ်းဆွတ်သတိရမိသည်။တစ်ခါတစ်လေ ဒီအကောင်ငယ်လေးကြောင့် မရိုးသားစွာ လှုပ်ခတ်လာတဲ့ သူ့နှလုံးသားကို သူ မထိန်းချုပ်နိုင်ခဲ့။အကိုတစ်ဦး၏မေတ္တာထက်ပိုနေသည့် သူ့ခံစားချက်များကြောင့် ကလေးငယ်အပေါ် သူအပြစ်မကင်းသလို ခံစားနေရသည်။ ဖြူဖြူစင်စင် ကလေးအပေါ်လည်း သူအရောင်မဆိုးချင်။ အရမ်းချစ်ရတဲ့ ချစ်သူအပေါ်လည်း သူ့နှလုံးသားက သစ္စာရှိနေချင်သည်။

ဒီတစ်သက်မှာ သူ့အချစ်သူ့နှလုံးသားက သူ့ချစ်သူရိပေါ်တစ်ဦးတည်းပဲ ဖြစ်နေသင့်သည် မဟုတ်လား။

ဒါကြောင့်လည်း အခုတလော xiao zhan ဒီကလေးနှင့် ထိပ်တိုက်မတွေ့နိုင်အောင် ရှောင်ပုန်းနေမိသည်။

Universe of love seeker[ရပ်နား]Where stories live. Discover now