King
..............
အပိုင်း(၂)
...................
သွင်သစ်
"ဘယ်လို....ရွာကိုသွားမှာ....ဟုတ်လား။"
မယုံနိုင်စွာမေးလိုက်တာကိုသူက ဘာမှမထူးဆန်းသလိုခေါင်းညိတ်ပြလေသည်။
"ဒီ....ဒီပုံစံနဲ့...ဘယ်ဖြစ်မလဲ...ဘုန်းဘုန်းကဆူမှာ...ဆံပင်ညှပ်မှ ဖြစ်မယ်။"
ဘုန်းဘုန်းက ယောကျာ်းလေးဆို ဆံပင်အတိုနဲ့ ယောကျာ်းပီပီသသ ကျားကျားယားယားနေမှ အမြင်ကြည်တာဖြစ်သည်။မဟုတ်လို့ကတော့ ကြိမ်လုံးစာမိပြီပဲ။ ကျွန်တော်ကလဲ သူ့အမိန့်ကြောင့် ဆံပင်မညှပ်ရတာ ၅နှစ်လောက်ရှိပြီမို့ ကျောလယ်အထိရှည်လျားနေကြသည်။ အဲ့ဒီဆံပင်တွေကိုကိုင်ကာ ကျွန်တော်က အလန့်တကြားပြောတော့ သူက လှည့်ကြည့်လာကာ ကားကို လမ်းဘေးမှာထိုးရပ်လိုက်လေသည်။
"ဘာတွေဒီလောက်လန့်နေတာလဲ။ ခင်ဗျားပုံစံပြောင်းရမှာပါ။ ဒါပေမယ့် ဆံပင်တော့မညှပ်ရဘူး။"
"သခင်လေး အဲ့ဒါတော့မဖြစ်ဘူးထင်တယ်။ ကျွန်တော့်ကိုဒီပုံနဲ့မြင်ရင်ဘုန်းဘုန်းစိတ်ဆိုးမှာ။"
"ခင်ဗျားရဲ့အဆက်ဟောင်းကြီးက ရွာကိုလိုက်မလာဘူးလို့ပြောလို့ရမလားဗျ။ ခင်ဗျားကိုတခြားလူတစ်ယောက်ဖြစ်အောင်ပြောင်းမှာ။ အတိအကျပြောရရင်တော့ ကျွန်တော့်မိန်းမဖြစ်အောင်ပြောင်းမှာ...."
သူက လူကိုပါးလှမ်းဆွဲလိုက်ရင်းက ရယ်နေသေးသည်။
"ဘယ်လို....သခင်လေး....ကျွန်တော်နားမရှင်းလို့....ကျွန်တော်က ဘာလို့သခင်လေးမိန်းမ..."
"ဟုတ်တယ်....အဲ့ဒါကြီးပြင်ဖို့ကျန်နေတာ...အိမ်ရဲ့အပြင်ရောက်နေပြီပဲ။ ခင်ဗျား ကျွန်တော့်ကို သခင်လေးလို့ခေါ်ဖို့မလိုတော့ဘူး"
"ကျွန်တော် သခင်လေးနဲ့စတွေ့ကတည်းက အဲ့လိုပဲခေါ်ခဲ့တာပဲလေ..."
"ခင်ဗျား စိတ်ဆိုးတုန်းက ခေါ်သလိုလေ...ကျော်....အဲ့လိုခေါ်...လေသံတော့နည်းနည်းပျော့လိုက်ပေါ့ဗျာ။ ဟုတ်ပြီလား။ မနက်လောက်ဆို မန္တလေးရောက်ပြီ။ ဘုရားကြီးဖူးပြီး မနက်စာစားကြတာပေါ့။ ပြီးတော့မှ ကျွန်တော့်သူငယ်ချင်းဆီသွားကြမှာ။ ခင်ဗျားအိပ်ချင်ရင်ပြန်အိပ်လိုက်ဦး။"