King
............
အပိုင်း(၅)
...................
သွင်သစ်
"ဟုတ်ကဲ့....ဦးလေး...ကျွန်တော်သွင်သစ်ပါ"
"တော်သေးတာပေါ့....ဦးလေးလဲထင်ပါတယ်။ သားဆိုရင်ဖုန်းကိုင်မှာမဟုတ်ဘူးလေ။ ဒါနဲ့ သားတို့ကအခုဘယ်ရောက်နေတာလဲ"
"အဲဒါကတော့...သခင်လေးက...."
"မင်းကိုငါနဲ့လိုက်နေပါလို့ပြောထားတာလေ သွင်သစ်...အခုမင်းလုပ်ပုံက..."
"တေဇာ..."
"ဟုတ်တယ်...ငါ တေဇာပဲ....မင်းတို့ဘယ်မှာလဲဆိုတာပဲပြော...ငါမင်းကိုလာခေါ်မယ်"
"ဟို...ငါ...."
"ထန်းရည်ပါဆွဲခဲ့ကွာ...ရွာရောက်တုန်းလေးသောက်ရအောင်..."
ဖုန်းကိုပိတ်မလို့လုပ်ပေမဲ့ မမီလိုက်တော့။ သွားပြီ။ အခုလောက်ဆိုသိသွားရောပေါ့။
သခင်လေးက အခန်းထဲဝင်လာတာမို့ ကျွန်တော်ဖုန်းကိုင်နေရက်က ကြောင်ကြည့်နေမိသည်။ တစ်ဖက်ကဖုန်းချသွားသလို သခင်လေးကလဲ ကျွန်တော့်လက်ထဲက ဖုန်းကိုယူကာ ပါဝါပါပိတ်ပစ်လိုက်သည်။ သခင်လေးများစိတ်ဆိုးသွားပြီလားလို့ကြည့်မိပေမဲ့ သခင်လေးပုံစံက ဘာမှမဖြစ်သလိုပါပဲ။
"သခင်လေး....ကျွန်တော်..."
သခင်လေးက လှမ်းကြည့်လိုက်တာမို့ ကျွန်တော်ပြောမယ့်စကားတွေလည်ချောင်းဝမှာတင်ပျောက်သွားသည်။
"သစ်..."
သခင်လေးခေါ်လို့လှမ်းကြည့်လိုက်တော့ သခင်လေးက လှဲချလိုက်ကာ ထိုင်နေသောကျွန်တော့်ပေါင်ပေါ်ခေါင်းအုံးလိုက်သည်။
"အဖေတစ်ယောက်က သားတစ်ယောက်ကို ဘယ်လောက်ထိချစ်မယ်ထင်လဲ"
သူ့ဘာသာရေရွတ်နေသလိုပြောနေတာမို့ ကျွန်တော်လဲဘာမှပြန်မပြောမိ။
မျက်လုံးတွေမှိတ်ချထားကာ ပြန်ငြိမ်သက်သွားသည်။ ကျွန်တော်က သူ့ဆံပင်လေးတွေကိုသပ်တင်ပေးတော့ သူက ပြုံးလိုက်လေသည်။
ဘေးနားမှာချထားသော ကျွန်တော့်လက်တစ်ဖက်ကိုယူကာ သူ့ရင်ဘတ်ပေါ်တင်ထားလေသည်။ ခဏနေတော့မှ သူ့နှုတ်ခမ်းတွေအနားကိုယူလိုက်ကာ နမ်းလိုက်သည်။
