King
................
အပိုင်း(၆)
.......................
သွင်သစ်
တေဇာနဲ့ဦးလေးနဲ့က သားအဖတွေဆိုပါလား။ ဒါဆိုသခင်လေးကရော။ အဖေတူအမေကွဲ ညီအကိုများတော်နေကြတာလား။
"နောက်ဆုံးတော့လဲ ကိုယ့်သွေးသားအရင်းရဲ့ဆန္ဒကိုပဲ ပိုလိုက်လျောမယ်ဆိုတာ သိနေပြီးသားပါ။"
"မဟုတ်ဘူးသား။ ဖေဖေ ပြောပါရစေဦး"
"အခု အဖြစ်အပျက်တွေကရှင်းပြစရာမလိုတော့လောက်အောင်ပြည့်စုံနေပါပြီ ဦးနန္ဒ"
"အဲ့ဒီကိစ္စတွေကထားလိုက်ပါ။ သွင်သစ်က ဘယ်သွားတာလဲ။ မင်းသူ့ကို ဖွက်ထားတာမလား"
တေဇာ့အသံက သေချာနေသလိုပြောနေတာမို့ သိများသွားပြီလားလို့ ကျွန်တော်စိတ်ပူမိသွားသေးသည်။
"ဟိုနေ့က ငါမိန်းမခိုးမှာမို့လို့ သူ့ကိုပါအဖော်ခေါ်လာတာ။ ဒီက ကိစ္စတွေပြီးတော့ သူ့ဘာသာထွက်သွားတာဖြစ်မှာပေါ့။ ငါမသိဘူး။ မင်းနဲ့ အရင်းနှီးဆုံးမလား။ သူရှိမယ့်နေရာခန့်မှန်းပြီးရှာလိုက်ပေါ့။ အခုတော့ ထွက်သွားလိုက်တာကောင်းမယ်"
"မင်းကိုယ်မင်းလည်လှပြီထင်နေတယ်ပေါ့....အေးပါ....စောင့်ကြည့်နေလိုက်"
တေဇာက စိမ်ခေါ်သလိုပြောကာ အိမ်ပေါ်မှ ဆင်းသွားလေသည်။
"ဦးနန္ဒ လဲသွားလို့ရပါပြီ"
"သား....မင်းအဲ့ဒီလောက်အထိဖြစ်ဖို့မလိုပါဘူး။ မင်းဘယ်သူပဲဖြစ်ဖြစ် မင်းကိုဖေဖေတစ်သက်လုံးစောင့်ရှောက်လာခဲ့တာ။ သားအရင်းနဲ့ဘာမှမခြားပါဘူး။ အတိတ်ကအကြောင်းတွေသိလဲ သားအဲ့လိုပြောင်းလဲတာတော့မဖြစ်သင့်ဘူးထင်တယ်။"
"ကျွန်တော်သိနေတာကြာပါပြီ။ ဒါပေမယ့် ဒီနေ့မှပဲ မျက်မြင်တွေ့လိုက်ရတာလေ။"
"မဟုတ်ဘူးလေ....သား..."
"ဟိုမှာ စောင့်နေတယ်။ ဦးလေး ပြန်လိုက်ပါတော့"
သခင်လေးစကားဆုံးတာနှင့်ခြေသံက အခန်းဘက်ကိုဦးတည်ပြီးလာနေလေသည်။ အခန်းဝမှာခြေသံရပ်သွားပြီး ကားတံခါးပိတ်သံနှင့်ကားထွက်သွားသံတို့ကို အစဉ်လိုက်ကြားလိုက်ရသည်။
