King
............
အပိုင်း(၈)
...................
ကျော်ကြား
"သခင်လေး...နိုးလာပြီလား"
ကိုသစ်က ကျွန်တော့်ကိုလှမ်းပြီးပြုံးပြရင်းကမေးလေသည်။
"သစ်...သစ်...ဘာမှမဖြစ်ပါဘူးနော်။ ဘယ်နားနာနေသေးလဲ...ဆရာဝန်သွားခေါ်လိုက်မယ်လေ"
"ဘာမှမဖြစ်ပါဘူး ကျော်ရဲ့..."
သူ့လက်ကိုကိုင်ကာ ကျွန်တော်ပြာပြာသလဲဖြစ်နေတာကိုကြည့်ပြီး ကိုသစ်ကရယ်နေသည်။
"ဘာတွေသဘောကျနေတာလဲ သစ်ရဲ့"
ကျွန်တော်ကမေးလိုက်ရင်း သူ့ရဲ့ကုတင်စွန်းမှာထိုင်လိုက်သည်။ သူကအနားကပ်လာဖို့လက်ဟန်နဲ့ပြတာမို့ ကျွန်တော်အနားတိုးသွားတော့
"ကျော်...သစ်ကိုအဲ့လောက်ထိချစ်မယ်လို့မထင်ခဲ့ဘူး။ စိတ်ပူပေးလို့အရမ်းကျေးဇူးတင်ပါတယ်။"
ကျွန်တော့်ပါးကိုဖွဖွလေးလှမ်းနမ်းပြီးတော့ သူ့ဘာသာရှက်နေလေသည်။
ကျွန်တော်လဲသူ့နဖူးလေးကိုပြန်နမ်းလိုက်ပြီး သူ့မျက်နှာလေးကိုကြည့်နေမိသည်။
"အဟမ်း....အဟမ်း"
ဆရာဝန်ကချောင်းဟန့်သံပေးကာ ဝင်လာတာမို့ ကျွန်တော်လဲမတ်တပ်ရပ်လိုက်သည်။
"လူနာကသတိရနေပြီပဲ။ ခေါင်းတွေ ဘာတွေကိုက်သေးလား။ တခြားနေရာရောနာတာရှိသေးလား။"
"မရှိပါဘူးဆရာ"
"ဒါဆို ဆေးရုံဆင်းလို့ရပါပြီ။ မနက်မှ ဆင်းချင်လဲဆင်းပေါ့ အခုက မိုးမလင်းသေးဘူးဆိုတော့"
"ဟုတ်ကဲ့ပါဆရာ။ ကျေးဇူးတင်ပါတယ်။ ဒါနဲ့ စစ်ဖို့လိုတာတွေကရောဆရာ"
"အဲ့ဒါတွေစစ်မယ်ဆိုရင်တော့ မနက်ဖြန်တစ်ရက်ထပ်နေရမယ်။ ဒီကဆရာမတွေကိုပြောလိုက်ပါ။"
"မစစ်လို့မရဘူးလားဆရာ၊ ကျွန်တော်လဲဘာမှမဖြစ်တော့ပါဘူး။"
သစ်ကလှမ်းပြောလိုက်တာမို့
"ဒါကတော့ လူနာရှင်နဲ့လူနာရဲ့သဘောပါ။"
