Part 9 (Unicode)

247 3 5
                                    

King
.............
အပိုင်း(၉)
.......................
သွင်သစ်

"အား...ကျွတ်...ကျွတ်...ခေါင်းကိုက်လိုက်တာ..."

မျက်လုံးတွေဖွင့်ပြီး ကြည့်လိုက်တော့ စိမ်းသက်နေသော ပတ်ဝန်းကျင်ကိုခံစားမိသည်။ လှဲနေရာကနေထထိုင်လိုက်ကာ ဘေးပတ်လည်ကိုကြည့်လိုက်တော့ အလုံပိတ်အခန်းတစ်ခုထဲကိုရောက်နေတာဖြစ်သည်။
အိစက်နေသောအိပ်ရာထဲကနေထဖို့ကြိုးစားမိတော့ ခေါင်းကိုက်သွားတာမို့ ပြန်ထိုင်လိုက်ရသည်။

"သတိရလာပြီလား သွင်သစ်"

"မင်းဘာတွေလျှောက်လုပ်ပြန်ပြီလဲ တေဇာ"

တေဇာကအနားလျှောက်လာကာ ကုတင်စွန်းမှာထိုင်လိုက်တော့ ကျွန်တော် တခြားဘက်ကိုတိုးလိုက်မိသည်။

"မင်းရဲ့ သခင်လေးအတွက်လဲ အရုပ်လေးတစ်ရုပ် ထားပေးခဲ့ပါတယ်။ ဘာတွေစိတ်ပူနေတာလဲ။ အဲ့ဒီကောင်သိတောင်သိမှာမဟုတ်ဘူး။"

"တော်ပြီ။ ငါပြန်မယ်။ ဘာမှဆက်မပြောနဲ့တော့"

"မင်းကိုပြန်ခိုင်းချင်မှတော့ ငါက ခေါ်လာပါ့မလား သွင်သစ်ရာ။ အေးအေးဆေးဆေးပေါ့။ ငါခဏနေမှ ပြန်လာခဲ့မယ်။ နားလိုက်ဦး"

တေဇာကပြောချင်ရာပြောပြီးထွက်သွားကာ တံခါးကိုပြန်ပိတ်သွားလေသည်။ ကျွန်တော်လဲစိတ်တိုတိုနှင့် တံခါးကို ခေါင်းအုံးနှင့်ပစ်ပေါက်လိုက်မိသည်။

"ကျော့်ကိုစိတ်ပူလိုက်တာ..."

ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ဘာဆိုဘာမှမရှိ။ ကုတင်ရယ်ဘေးနားကခုံပုလေးရယ်ကလွဲရင် ဘာပစ္စည်းမှမရှိ။

"ဒီတစ်ခါတော့တကယ်ဝေးရပြီထင်ပါတယ် ကျော်ရယ်"

သခင်လေးနဲ့ဝေးရမယ်လို့တွေးလိုက်မိတော့ မျက်ရည်တို့ကအလိုလိုကျလာမိသည်။

ဆိုင်ထဲမှာဖြစ်ခဲ့သောအဖြစ်အပျက်တို့ကိုပြန်မြင်ယောင်လာသည်။
...................
"ကျော်...ပြန်လာပြီလား"

"ပြန်တွေ့ကြရပြန်ပြီ သွင်သစ်"

"ငါတို့တွေ့စရာအကြောင်းမရှိတော့ဘူး ထင်တယ် တေဇာ..."

KingOù les histoires vivent. Découvrez maintenant