Chapter 2

6.7K 641 5
                                    

" မိန်းမ ရေ သားကြီး လာတယ်လေ ။ ထ ထ"

    ဦးထွန်းမြင့် ကုတင်ပေါ်တွင် ‌တံခါးဘက် ကျောပေးကာ အိပ်နေသော ဇနီးဖြစ်သူရဲ့ လက် များကို ဖြေးဖြေးလေး ပုပ်ရင်း နှိုးလိုက်တော့ . . .

" သား?"

သားဆို သည့် အသံကြားသည်နှင့် ၀မ်းသာအားရ ငေါက်ခနဲ ထထိုင်လိုက်သော ဒေါ်‌မေချစ် သည် ဇေလင်းလက် ကို မြင်သည်နှင့် သားကြီး မင်းသုတ အမှတ်နှင့် အရမ်း ပျော်ရွှင်သွား‌တော့သည်။

    သားကို အချစ်ဆုံး ဒေါ်မေချစ် ၏   ဦးနှောက်များက သားဖြစ်သူ ဆုံးပြီဆိုသည် ကို လက်ခံနိုင်ခဲ့ . . . ထိုအဖြစ်ကို မေ့ပြစ်လိုက်သည်  ။

     အသိညဏ်များက 5 နှစ်အရွယ် ကလေးတယောက်လို ဖြစ်နေသော်လည်း သား ဖြစ်သူ မင်းသုတ ကို ဘယ်တော့မှ မမေ့ . . .

" မေမေ "

   ဇေ က အပြေးလေးလာဖက်တော့ .  . .

" သား မေ‌မေ့သားကြီးက ဘာလို့ အခုမှ လာတာလဲ။ မေမေ လွမ်းနေတာ သိလား"

  ဒေါ်မေချစ် ဇေ့ ရင်ခွင်ထဲ ခေါင်းမှီကာ ချွဲတော့သည်။

" တောင်းပန်ပါတယ် မေမေရယ် သား ဟိုမှာ project တွေနဲ့ အလုပ်များနေလို့ ပါ"

" သားရယ် မကြာမကြာတော့ ပြန်လာပါကွယ် မေမေ့မှာ လွမ်းလို့ ရူးရတော့မယ် "

" ဟုတ်ကဲ့ပါ ။ မေမေ ဒါနဲ့ ဆေးတွေ မသောက်ဘူး ဆိုပြီး ဖေဖေ့ကို အခက်တွေ့အောင် လုပ်တယ်ဆို "

  ဇေ ပြောလိုက်တော့ အန်တီကြီး မျက်နှာလေး အိုကျသွားပြီး . . .

" သားကို တွေ့ချင်လို့ လုပ်မိတာပါ "

" မေမေ အဲ့လို မလုပ်ရဘူးလေ ။ သားက ပြန်လာမယ့်ဟာကို မေမေ က ဆေး မှန်မှန်သောက်ပြီး သား ပြန်လာတဲ့ အထိ စောင့်နေမယ်လို့ ကတိပေးနော် "

   ဇေ လက်သန်းလေးထောင်ပြိး ကတိတောင်းတော့ အန်တီကြီးက

" သားသာ မေမေ့ဆီ နေ့တိုင်း လာတွေ့ရင် မေမေ ဆေးသောက်မယ် "

အိုက် သေပြီ ! နေ့တိုင်း လာတွေ့ဖို့က လုံး၀ မဖြစ်နိုင်

" မိန်းမကလည်း သားက အမြဲ လာတွေ့လို့ မရဘူးလေ ။ သူက Singapore မှာ အလုပ်လုပ် နေတာလေ  "

Hire . Com (Be My Rental Boyfriend Forever!)Where stories live. Discover now