" ခင်ဗျား ဒီမှာ စောင့်နေအုံးနော် ! "
ဘုန်းမြတ်သွေးကို ဧည့်ခန်းထဲတွင် စောင့်စေပြီး အကျီ အမြန်သွားလဲလိုက်ပြီး
လက်လှမ်းမှီရာတွင် ရှိနေသော အပြာနုရောင် hoodie တထည်ကို ကောက်၀တ်ပြီး ထွက်လာသော ဇေ့ကို
စိုက်ကြည့်နေသော ဘုန်းမြတ်သွေးကြောင့် ဇေ အနေရ ခက်လာသည်မို့
"ဘာကြည့်တာလဲ ဗျာ"
ဟု ဇေ ရန်ထောင် ပစ်လိုက်တော့ . . . .
" ဇေက ဘာလို့ ဒီလောက် ချစ်ဖို့ ကောင်းရတာလဲလို့ တွေးနေမိတာ "
မျက်တောင် မခတ်ဘဲ ရုပ်တည်ကြီးနဲ့ ပြောလာသော လူကြီးကြောင့် ဇေ့ရဲ့ ပါးလေးများ ရဲခနဲ နီသွားကြသည်။
"ဟာဗျာ ဇေက ယောကျာ်းလေး လေ cute လို့ ဘယ်ဖြစ်မလဲ "
ဇေ အရှက်ပြေ ရွတ်နောက်နောက် စကားကို . . . .
" ဇေက မိန်းကလေးတွေ အားလုံးထက် ပိုချစ်ဖို့ကောင်းတယ် "
ဟောဗျာ ! ရုပ်တည်ကြီး နှင့် လူကို လာ နောက် နေတာ ကြည့်စမ်း ။
" တော်ကြာ ခင်ဗျားကို တကမ္ဘာလုံးက မိန်းကလေးတွေ ဝိုင်း ရိုက်နေအုံးမယ် "
ဘုန်းမြတ်သွေးက သူ ' ဂရုမစိုက် ' ဆိုသလိုမျိုး ပခုံး တချက် တွန့်လိုက်ပြီး
"ကိုယ်က အမှန်ကိုပဲ ပြောတတ်တယ် "
မဖြစ်တော့! ဇေ စကား လမ်းကြောင်းပြောင်းမှ ဖြစ်မည်။
"ဟိုမှာ ပျော်ခဲ့ရဲ့လား ?"
cake ကို တစိတ်စိတ်လိုက်ပြီး ဘုန်းမြတ်သွေးကို အရင် ပေးလိုက်ရင်း စကားလမ်းကြောင်း လွှဲလိုက်တော့
" ဟင့်အင်း! ဇေ့ကို လွမ်းလို့ အမြန် ပြန်ချင်နေခဲ့တာ "
ကြည့်! လူကို ရင်ခုန်ရသော စကားတွေနဲ့ ပြောင်းတိုက်ခိုက် လာပြန်ပြီ။
"ခင်ဗျား တော်တော် အပြောကောင်းတယ်နော် "
cake ကို စားရင်း ဘုန်းမြတ်သွေး ဘေးတွင် ၀င်ထိုင်လိုက်သည်။
ဇေ ကတော့ ဘာရယ်မဟုတ် ထိုင်မိပြီးမှ သတိထားမိသည်က . . . .
ဇေ့ ပခုံးက ဘုန်းမြတ်သွေး ပခုံးကို ထိနေသည် အထိ အလွန် နီးကပ် နေသည်ကို . . .
![](https://img.wattpad.com/cover/222165086-288-k700983.jpg)
YOU ARE READING
Hire . Com (Be My Rental Boyfriend Forever!)
Teen Fictionရည်းစား အတု၊ မိဘ အတု၊ မိသားစု အတု ၊ သူငယ်ချင်း အတု အစရှိသော fake relationship အငှား ၀န်ဆောင်မှုပေးသော Hire.Com ရဲ့ ပိုင်ရှင် သူဌေး ပေါက်စ 'ဇေလင်းလက်' ထို သူဌေးပေါက်စကို တသက်လုံး အတွက် fake boyfriend အဖြစ် လာငှားသူက Super High Boss ' ဘုန်းမြတ်သွေး'...