( ဒီနေ့ သာသာ အခုမှ ပြန်ရောက်တာမို့ up တာ နောက်ကျသွားတာ စိတ်မဆိုးနဲ့နော် 🙏🏻🙏🏻🙏🏻💕😍,)
💕💕💕💕💕💕💕💕💕💕💕💕💕💕💕💕
"ဇေ . . . "
တနေ့လုံး သူ၏ ဖုန်းကို မကိုင်သည့် အပြင် . . . . .
ရုံးဆင်းသည်နှင့် ဇေ့ရဲ့ အိမ်ကို သွားတော့ အခြေအနေက လုံး၀မကောင်း ။
ရန်ကုန်မြို့၏ ကောင်းကင်ကြီးက အပြာရောင် လွှမ်းနေပြီး သာယာနေပေမယ့် . . .
ထူးထူးဆန်းဆန်း ဒီ အခန်း တခန်းထဲတွင် မိုးကြိုး မုန်တိုင်းထန်နေသည်။
"ဘာ ဇေ လဲ ?!"
တံခါးလာဖွင့်ရင်း ဟောက်ထည့်လိုက်သော ဘဲပေါက်လေးရဲ့ နှုတ်ခမ်းက ထုံးစံ အတိုင်း တစ်မီတာလောက် စူနေသည်။
"စိတ်ဆိုးသွားတာလား ? "
ဘာမှ ပြန်မဖြေတော့ ပခုံးလေးကို ဖွဖွလေး ဖက်ရင်း . . . .
"ဖြေပါအုံး ကိုယ့်ကို စိတ်ဆိုး သွားပြီလားလို့? "
အချော့ ကြိုက်သောသူ အလိုကျ လေပြေလေးနဲ့ ချော့လိုက်တော့
သူ့ လက်များကို ဆတ်ခနဲ မြည်အောင် ရိုက်ထည့်လိုက်ပြီး . . .
"ဆိုးတယ် ! ခင်ဗျားကြောင့် ဇေ ဘယ်လောက် အရှက်ကွဲရသလဲ သိလား ?"
" ကိုယ် . . . "
သူ ရှင်းပြဖို့ ကြိုးစားပေမယ့် ဇေက သူ့ကို စကား ပြောခွင့် ခဏလေးတောင် မပေး ။
တယောက်တည်း မကျေမနပ် တတွတ်တွတ် rap သီချင်း ဆိုသလို ရွတ်နေသည်။
" ရေခဲတုံးကြီးနော် ခင်ဗျားကို ရေခဲခြေစက်ထဲ တည့်ပြီး ရေခဲသုပ် လုပ်စားပစ်မှာ ဘာမှတ်နေလဲ ? "
မလောက်လေး မလောက်စားလေးက ရုပ်တည်ကြီးနဲ့ ခြိမ်းခြောက် လာတော့
ဘုန်းမြတ်သွေး ဆိုသည်ကလည်း အချဉ်တော့ မဟုတ် ။
"ကိုယ်ကလည်း ဘဲပေါက်လေးကို နုတ်နုတ်စဉ်းပြီး တော်တောက်ကြော် လုပ်စားပစ်လိုက်မယ် "
သူ နောက်လိုက်သည်ကို နှုတ်ခမ်းလေး စူလာပြီး ငိုမဲ့မဲ့ လုပ်ရင်း . . .
YOU ARE READING
Hire . Com (Be My Rental Boyfriend Forever!)
Teen Fictionရည်းစား အတု၊ မိဘ အတု၊ မိသားစု အတု ၊ သူငယ်ချင်း အတု အစရှိသော fake relationship အငှား ၀န်ဆောင်မှုပေးသော Hire.Com ရဲ့ ပိုင်ရှင် သူဌေး ပေါက်စ 'ဇေလင်းလက်' ထို သူဌေးပေါက်စကို တသက်လုံး အတွက် fake boyfriend အဖြစ် လာငှားသူက Super High Boss ' ဘုန်းမြတ်သွေး'...