Chapter 33

4.8K 397 19
                                    

"ဟယ်လို ဇေ ပြော . . .  "

   အိပ်ချင်မူးတူး အသံဖြင့် ဖုန်းကိုင်လိုက်သော ရေခဲတုံးကြီး ခေါ် ဘုန်းမြတ်သွေးကို . . . .

"ဇေ ဗိုက်ဆာတယ် "

"ဟင်?! အခုက မနက် 3 နာရီကြီးလေ ဇေကလည်း "

    အခုချိန်ထိ မအိပ်သေးဘဲ game ဆော့နေမိသောကြောင့် ဇေ ဗိုက်တွေ အရမ်း ဆာနေမိသည်။

"မသိဘူး ဇေ အရမ်း ဗိုက်ဆာတယ်! ဇေ့ကို စားစရာ တခုခု ပေးပါလား "

    ဘုန်းမြတ်သွေး ဘက်က ဘာအသံမှ ပြန်မလာ သည်မို့ ကြည့်ရတာ ပြန် အိပ်ပျော်သွားသည် ထင်သည်။

"ဇေ ဗိုက်ဆာတယ်လို့ !!! "

   ဖုန်းထဲကို ဇေ အကျယ်ကြီး အော်ပစ်လိုက်တော့မှ . . . .

"ဟင်?! အော်! အင်း . . . .  ဇေက ဘာ စားချင်လို့လဲ? "

" မုန့်လုံးရေပေါ်  "

"ဟာ! ဇေကလည်း သက်ြန်တွင်းကြီးလည်း မဟုတ်ဘူး ဘယ်က မုန့်လုံးရေပေါ် ရမှာလဲလို့ "

"ဒါပေမယ့် ဇေ စားချင်တယ် "

  ငိုမဲ့မဲ့ လေသံနဲ့ ပြောလိုက်တော့မှ ဘုန်းမြတ်သွေး တယောက် သက်ပြင်းကို ချရင်း . . . .

" မုန့်လုံးရေပေါ်တော့ မရဘူး တခြားဟာ စဉ်းစားကွာ ကိုယ် ချက်ကျွေးနိုင်မယ့် ဟာမျိုး "

"အာ့ဆို တုန်ယမ်း ထမင်းကြော် စားချင်တယ်"

"Ok ! ကိုယ် လာခဲ့မယ် စောင့်နေနော် "

🏃🏻‍♂️🏃🏻‍♂️🏃🏻‍♂️🏃🏻‍♂️🏃🏻‍♂️🏃🏻‍♂️🏃🏻‍♂️🏃🏻‍♂️🏃🏻‍♂️🏃🏻‍♂️🏃🏻‍♂️🏃🏻‍♂️🏃🏻‍♂️🏃🏻‍♂️

"Hi ~"

  အချိုသာဆုံး အပြုံးလေးနဲ့ ဇေ နှုတ်ဆက်လိုက်သည်ကို 

     city mart အထုပ်များ တပုံတပင်နဲ့ ဘုန်းမြတ်သွေးက ဇေ့ကို မကျေနပ်သလို ကြည့်နေသည်မို့ . . . .

"ဇေ ဘာ ကူသယ်ပေးရမလဲ ? "

  သွားတက်လေးများ ပေါ်အောင် ပြုံးပြရင်း ဖားလိုက်တော့ . . .  

" ရပါတယ် လူကြီးကိုပဲ ခိုင်းပါ "

      တဲ့ . . . .  ရွဲ့ပြောလိုက်သော ရေခဲတုံးကြီးရဲ့ ရင်ခွင်ထဲ တိုး၀င်ရင်း . . .

Hire . Com (Be My Rental Boyfriend Forever!)Where stories live. Discover now