Chapter 23

5.2K 456 13
                                    

"ဇေ ကိုယ့်ကို ဘာလို့ မုန်းတာလဲ "

     ဇေ နှင်လွှတ်သည်ကို ထွက်မသွားဘဲ မသိသလို မေးလာသော ဘုန်းမြတ်သွေးကို

" ခင်ဗျား တကယ် မသိတာလား ?! ခင်ဗျားက သွေးအေးတယ် ။ ခက်ထန်တယ်။ ဇေ့ရဲ့ ခံစားချက်တွေကို အလေးမထားဘူး။ လျို့၀ှက်ချက်‌တွေ များတယ် ။ မရိုးသားဘူး ! "

"တော်တော့ ဇေ! "

" မတော်နိုင်ဘူး ခင်ဗျား မကောင်းကြောင်း ပြောပါဆို တညလုံး ထိုင်ပြောနိုင်တယ် "

"တော်ပါတော့ ဇေရယ် ကိုယ် အဲ့လောက်ဆို ကိုယ့်ကို မင်း ဘယ်လောက် မုန်းတယ်ဆိုတာကို ကိုယ်သိပါပြီ "

   ဇေ့ကို ကြေကွဲစွာ ပြောလာသော ဘုန်းမြတ်သွေးရဲ့ မျက်လုံးများထဲတွင် မျက်ရည်များကို မြင်လိုက်ရသည်။

" ကိုယ် ၀န်ခံပါတယ်။ ကိုယ်က အရမ်း အေးစက်တယ် ဆိုတာကို . . .   ဒါပေမယ့် ကိုယ်မင်းကို အေးစက်တယ် ဆိုတာကလေ မင်းကို ဆုံးရှုံးရမှာ ကြောက်လွန်းလို့ပါ ဇေရာ. . . "

     ဘုန်းမြတ်‌သွေးရဲ့ စကား၏ အဓိပ္ပာယ်ကို ဇေ တကယ် မသိတော့ ။

"ကိုယ်လေ မင်းကို သူ့လို အဖြစ် မခံနိုင်ဘူး !  မင်း သူ့ လမ်းလိုက်သွားမှာ ကြောက်လို့ ကိုယ် အေးစက်ခဲ့တာပါ  "

    ဇေ့ရဲ့ ပခုံးကို ဆွဲရမ်းရင်း ပြောလိုက်သော ဘုန်းမြတ်သွေးရဲ့ မျက်ရည်များ ပါးပြင်ထက် စီးကျလာပြီး

    ဇေ, မမြင်အောင် မျက်ရည်များကို အမြန် သုတ်လိုက် ပေမယ့် ဇေ မြင်လိုက်ရသည်။

" ဇေ ကိုယ့်ကို မုန်းတယ်ဆို ကိုယ် ဇေ့ ရှေ့ ရောက်မလာ တော့ပါဘူးလို့ ကိုယ် ကတိပေးပါတယ်။ ကိုယ် သွားတော့မယ် "

   ဘုန်းမြတ်သွေး အခန်းထဲက ထွက်သွားသည် အထိ ဇေ မေးခွနိးပေါင်း မြောက်များစွာနဲ့ ငြိမ်နေမိသည်။

   ဘုန်းမြတ်သွေး ပြောတဲ့ သူ ဆိုတာက . . . . . မင်းသုတ ဖြစ်ရမည်။

     ဘာလို့ ဇေက မင်းသုတရဲ့ လမ်းကို လိုက်မယ်လို့ ဘုန်းမြတ်သွေး ထင်နေတာလဲ ?

     ဘုန်းမြတ်သွေးနဲ့ မင်းသုတ ဘာတွေ ဖြစ်ခဲ့တာလဲ ? . . . . .

  🍃 🍃 🍃 🍃 🍃 🍃 🍃 🍃 🍃 🍃 🍃🍃 🍃

Hire . Com (Be My Rental Boyfriend Forever!)Where stories live. Discover now