"ရတယ် ငါ လိုက်ပို့ပေးမယ် !"
အမိန့်ပေးသံကဲ့သို့ ပြတ်သားစွာ ပြောလိုက်သော စကားနဲ့ အတူ ဇေ့ လက်ကို ဆွဲကိုင်ရင်း . . .
Hotel lobby ရှေ့ လာရပ်သော သူ့ရဲ့ ကားပေါ်ကို အရင် တက်စေ ပြီး ဇေ့ ဘေးမှာ သူ ၀င်ထိုင်လိုက်သည်။
"ဦးချစ် ကို မင်းနေတဲ့ နေရာ ပြောပြလိုက် "
ဇေ့ကို စေခိုင်းလိုက်ရင်း tablet တခုနှင့် အလုပ်ရှုပ်နေသည် ။
ကားပေါ်တက်တက်ချင်း အလုပ်လုပ်နေသော ဘုန်းမြတ်သွေးကို ဇေ အံဩစွာ ကြည့်နေမိသည်မှာ . . . .
"ဘယ် ပို့ပေးရမလဲ သား ? "
ဦးချစ်ဆိုသူ ဘုန်းမြတ်သွေး ရဲ့ driver ဦးလေးကြီး မေးမှ ဇေ အကြည့်လွှဲလိုက်မိတော့သည်။
ဦးချစ်ကို ဇေ့ရဲ့ လိပ်စာကို ပြောပြပြီး ဇေ ကားထဲကို ပျင်းပျင်းနှင့် ဝေ့ဝှဲ ကြည့်နေမိချိန်တွင် . . . .
ဇေရဲ့ ဘေးမှာတော့ tablet တလုံးနှင့် အလုပ်များနေသော ဘုန်းမြတ်သွေးက ဇေ့ကို ပုရွက်ဆိတ် တစ်ကောင်အလား ရှိသည်ဟုပင် ထင်ပုံမရ . . . ။
ဒီ လူကြီးနား နေရသည်မှာ ဆောင်းရာသီတွင် air con ရှေ့ ပန်ကာဖွင့်ပြီး ရေခဲတုံး ဖင်ခုထိုင်ရသည်ထက်ပင် အေးစက်လှသည်။
အေးစက်လှသော ဘုန်းမြတ်သွေး နဲ့ လိုက်ဖက်လှသော နာမည်ပြောင် တခု ပေးရန် စဉ်းစားမိတော့ . . .
"ရေခဲတုံး "
ဇေ တိုးတိုးလေး ရေရွတ် လိုက်သည်ကို ဘုန်းမြတ်သွေးက ကြားသွားသည် ထင်သည် ဇေ့ကို လာကြည့်နေသည်မို့
"ဘာမှ မပြောပါဘူး "
ဇေ အပြစ်မရှိသော အပြုံးလေး နဲ့ ပြုံးပြလိုက်သည်။
🍦🍦🍦🍦🍦🍦🍦🍦🍦🍦🍦🍦🍦🍦
ဇေ dinner ကနေ စောစော ထွက်လာခဲ့ရသောကြောင့် ကို သူရိန်ကို ဇေ ပြန်သွားပြီ ဟု message လှမ်းပို့တော့ . . . .
🎵 "Waiting for you Anpanma " 🎵
BTS အဖွဲ့ရဲ့ သီချင်းသံနှင့် ဇေ့ရဲ့ ဖုန်းမြည်သံ အကျယ်ကြီး ကြောင့် ဇေ့ကို ဘုန်းမြတ်သွေးက တချက် လှမ်းကြည့်တော့
![](https://img.wattpad.com/cover/222165086-288-k700983.jpg)
ESTÁS LEYENDO
Hire . Com (Be My Rental Boyfriend Forever!)
Novela Juvenilရည်းစား အတု၊ မိဘ အတု၊ မိသားစု အတု ၊ သူငယ်ချင်း အတု အစရှိသော fake relationship အငှား ၀န်ဆောင်မှုပေးသော Hire.Com ရဲ့ ပိုင်ရှင် သူဌေး ပေါက်စ 'ဇေလင်းလက်' ထို သူဌေးပေါက်စကို တသက်လုံး အတွက် fake boyfriend အဖြစ် လာငှားသူက Super High Boss ' ဘုန်းမြတ်သွေး'...