Chapter 22

5.1K 494 23
                                    

  ဒီနေ့ ဇေ နေလို့ သိပ်မကောင်းသည်မို့ ရုံးမသွားဘဲ  အိမ်မှာ အနားယူရန် ဆုံးဖြတ်လိုက်သည်။

   ခေါက်ဆွဲပြုတ်‌ သောက်ပြီး ခဏ အိပ်လိုက်ရင် နေကောင်းသွားမယ် ထင်ထားခဲ့ ပေမယ့်

    အိပ်ရာက နိုးလာတော့ တကိုယ်လုံး ကိုင်ရိုက်ခံထား ရသည့်အလား ကိုက်ခဲနေပြီး

     ကိုယ်တွေလည်း ပွက်ပွက် ဆူနေသော ဟင်းအိုး တလုံးအလား အရမ်း ပူနေသည်။

     ဇေ့ကို မာမီက ပေါင်မပြည့်ဘဲ မွေးခဲ့သောကြောင့် ဇေက ငယ်ငယ်လေး ကတည်းက ကျန်းမာရေး အရမ်း ချူချာ တတ်ပြီး

    ဖျားပြီ ဆိုရင်လည်း သတိလစ်သည် အထိ ဖျားတတ်သော ဇေ့ကို ဇေ့ရဲ့ အဘွားက ပိုးမွေးသလို မွေးခဲ့ရသည်။

     အခုလည်း ပူချစ်နေသော နဖူးပြင်နဲ့ အတူ  ဇေ့ရဲ့ အသက်ရှုသံများ တဖြည်းဖြည်း နှေးလာပြီး ခေါင်း အရမ်း ကိုက်လာသည်မို့

     မရတော့။ ဇေ , သတိမလစ်သွားအောင် ကြိုးစားထိန်းရင်း အနီးရှိ ဖုန်းကို ယူလိုက်ပြီး ဖုန်းဆက်ဖို့ ကြိုးစားလိုက်တော့

     မမူယာနဲ့ မဒါလီက ဒီနေ့ နယ်က customer တယောက်ဆီ ရောက်နေသောကြောင့် ဖုန်းခေါ်လို့ မဖြစ်။

   မချိုချို နဲ့ မသီရိကလည်း အခုဆို ဇေ့ကိုယ်စား အရေးကြီးသော meeting တခုမှာ ရှိနေမည်မို့ သူတို့ကိုလည်း ဖုန်းခေါ်လို့ မဖြစ်။

    ကိုသူရိန် ကို ဖုန်းခေါ်ဖို့ကျ  ဇေ တုံ့ဆိုင်းနေမိသည်။

     ကိုသူရိန်ကို ငြင်းလိုက်ပြီးနောက် ကိုသူရိန်က ဇေ့ကို ရှောင်နေသလို

   ဇေလည်း ကိုသူရိန်ကို ရှောင်နေသည်မို့  သူ့ကို ဖုန်းမခေါ်ချင်မိ။

     ရန်ရန် ကလည်း အခုဆို သူငယ်ချင်း တယောက်၏ စေ့စပ်ပွဲမှာ ရှိနေလိမ့်မည်။

      ဇေ့ အတွက် ရွေးချယ်စရာ ဘုန်းမြတ်သွေး တယောက်ပဲ ရှိတော့သည်မို့

     နောက်ဆုံး ဘုန်းမြတ်သွေးကို ခေါ်ရန် ဖုန်းဆက်လိုက်တော့

  ' တူ တူ တူ ' နဲ့ အသံကိုသာ အကြာကြီး ကြားနေရပြီး . . . .

. . . .  တော်တော်နဲ့ ဖုန်းမကိုင် ။

Hire . Com (Be My Rental Boyfriend Forever!)Tahanan ng mga kuwento. Tumuklas ngayon