Chapter 32

5K 410 19
                                    

" နှစ်ယောက်လုံးက ဂုဏ်သရေရှိ အသိုင်းအဝိုင်းတွေက သားတွေ ဖြစ်ရက်နဲ့ လမ်းမပေါ်မှာ ရန်ဖြစ်နေတာ ဘယ်လိုမှ မဖြစ်သင့်ဘူး ပေါ့ဗျာ" 

" ဟုတ်ကဲ့, ကျွန်မ တို့ဘက်က တောင်းပန်ပါတယ် "

   စခန်းမူးရဲ့ စကားကို သူရိန် အတွက် ခံ၀န် လက်မှတ်ထိုးပေးရန် ရောက်လာခဲ့သော သီရိ လက်မှတ်ထိုးပေးရင်း ဖြေလိုက်သည်။

   သီရိ ဘေးတွင်တော့ ထိုးခံရသော ဒဏ်ရာများနှင့် သူရိန်က ငြိမ်နေသည်။

"ကျွန်မတို့ ဘက်ကလည်း တောင်းပန်ပါတယ် "

   ဘုန်းမြတ်သွေး အတွက် လက်မှတ်ထိုး‌ ပေး ရန် ရောက်လာသော အသက် ၃၀ ကျော် အမျိုးသမီးမှ ပြောလာ‌သော စကားဖြစ်သည်။

" နှစ်ဦး နှစ်ဘက် ညှိုညှိုနှိုင်းနှိုင်း ဆွေးနွေးတာ ကောင်းတာပေါ့ ဗျာ ။ ငါ့ညီတို့တွေလည်း နောင် ရန်မဖြစ်ကျနဲ့ ကြားလား !"

"ဟုတ်ကဲ့ပါ "

     စခန်းမူးရဲ့ စကားကို စိတ်မပါ တပါနဲ့ ဖြေလိုက်သော သူရိန်နဲ့ ဘုန်းမြတ်သွေး ပုံက

      တယောက်ကို တယောက် ကျေနပ်သေးသည့် ပုံ မပေါ်သေး ။

" ဒါဆို ကျွန်မတို့ကို ခွင့်ပြုပါအုံး "

     ကြာကြာနေရင် စခန်းမူးရှေ့တွင် ရန်ထဖြစ်မည် စိုးသောကြောင့် . .   

     သီရိ , သူရိန်ကို ကားဆီ အမြန်လေး ခေါ်ထုတ်လာခဲ့လိုက်သည်။

  🌟⭐ 🌟⭐ 🌟⭐ 🌟⭐ 🌟⭐ 🌟⭐ 🌟⭐ 🌟⭐

" ကို သူရိန် !"

      ဘုန်းမြတ်သွေး နဲ့ ရန်ဖြစ်ခဲ့သောကြောင့် အပြစ်တင် ဆုံးမ စကားပြောနေသော အမဖြစ်သူ သိရိရဲ့ စကားများကို နားထောင်ရင်း

     ရန်ရန် နဲ့ အတူ ကားအနား တွင် စောင့်နေသော ဇေ့ ကို မြင်လိုက်သည်နှင့် သူရိန် မျက်နှာကို ငုံ့လိုက်မိသည်။

   လူကြီး တယောက် ဖြစ်လျက်နှင့် လူကြီး မပီသခဲ့သော မိမိ၏ လုပ်ရပ်များကြောင့် ဇေ့ရဲ့ မျက်နှာလေးကို မကြည့်ရက် . . . .

    ဒါပေမယ့်လည်း မနေ့က အရက်၏ အရှိန်ဖြင့် မပြောသင့်သော စကားများကို ပြောခဲ့သည်မို့  တောင်းပန်ရမည် ။

Hire . Com (Be My Rental Boyfriend Forever!)Where stories live. Discover now