Chapter 10

5.8K 539 7
                                    

"Morning "

  ဇေ , ရုံးခန်းထဲ ရောက်သည်နှင့် ရည်ရွယ်ချက် ရှိရှိ  အသံကျယ်ကျယ် နဲ့ နှုတ်ဆက်လိုက်တော့

"Morning boss "

   မနက်ကမှ အသစ် ဆိုးလာသော အပြာရင့်ရောင် ဆံပင်ကို ကြွားချင်ပါတယ် ဆိုမှ တယောက်မှ ဇေ့ကို မော့မကြည့်ကြ ။

  Computer ကိုယ်စီနဲ့ အလုပ်ရှုပ် နေကြသည်မို့

" အဲ့လောက် အလုပ်ကြိုးစား ပြနေလည်း လစာ တိုးမပေးဘူးနော် သိဖို့  ဇေတောင် မွဲနေတာ "

   အမြင်ကတ်ကတ် နဲ့ ရွဲပြောခဲ့ပြီး ထွက်လာခဲ့တော့ မဒါလီတို့ မချိုချိုတို့ ဆီက မေတ္တာပို့သံ များ ပျံ့လွင့်လာသည်။

   ဇေ ရုံးခန်းထဲ ၀င်ထိုင်လိုက်သည် နဲ့ မသီရိက notepad လေးကို ကိုင်ရင်း ရောက်လာပြီး

"မနေ့က အချိန်ပိုင်း အဖေအတု နေရာ သရုပ်ဆောင်နေကြ actor တယောက် ချော်လဲလို့ ခါးထိသွားတယ်တဲ့ ဇေ အဲ့ဒါ အမတို့ page ကနေ ငွေကြေး အကူအညီတောင်းနေတယ် ။ သူ ပြန် ဆပ်ပါ့မယ်တဲ့ ။ ဇေ ဘယ်လို သဘောရလဲ "

"သူက ဘယ်လောက် လိုချင်တာလဲ ?"

"1 သိန်း "

"အခု ဘယ်ဆေးခန်း မှာ ပြနေတယ်တဲ့လဲ "

" ရပ်ကွက်က မြန်မာ ဆေးဆရာကြီး ဆီမှာ ပြတယ်တဲ့ ဇေ။ ဘာလို့လဲ ?"

" ဒီလိုလုပ် အာရှတော်၀င်မှာ ဒယ်ဒီရဲ့ သူငယ်ချင်း ‌အရိုးအထူးကု ဆရာ၀န်ကြီး ဒေါက်တာ ဦးတင်စိုး ဆိုတာ ရှိတယ် "

   မသီရိရဲ့ နားမလည်သော အကြည့်များကို လျစ်လျူရှုရင်း

"အဲ့ ဦးလေးကြီးကို ‌ဦးတင်စိုး ဆီမှာ ပြခိုင်းလိုက်ပါ။ လိုအပ်တဲ့ ကုသမှု အကုန် လုပ်ပါ။  ကုန်ကျစရိတ် အကုန် ဇေ တာ၀န်ယူပါတယ်လို့ ။ ပြီးတော့ ငွေ 1 သိန်းလည်း ပေးလိုက်ပါ ။ ပြန် ပေးစရာ မလိုပါဘူးလို့ "

   မသီရိက ဇေ့ စကားကို လုံး၀ လက်မခံ ။

"ဇေ ရူးနေလား ? သူက အမတို့ရဲ့ အမြဲတမ်း ၀န်ထမ်း မဟုတ်သလို အလုပ်လုပ် နေချိန်မှာ ဒဏ်ရာရတာလည်း မဟုတ်တဲ့ အတွက် အမတို့နဲ့ ဘာမှ မဆိုင်ဘူး ။ အမတို့ အလုပ်တွေက သိပ်လည်း မကောင်းဘဲနဲ့ ဇေ ဘာလို့ ‌သဘောတွေ ဇွတ်ကောင်းနေတာလဲ "

Hire . Com (Be My Rental Boyfriend Forever!)Where stories live. Discover now