အမ ဖြစ်သူ သီရိ ဆီမှ ဇေ့ အချစ်ကို ရဖို့ ဘုန်းမြတ်သွေး
ဘယ်လို လှည့်ကွက်များ သုံးခဲ့သည်ကို သိလိုက် ရသောအခါ . . . .
လှည့်စား ခံခဲ့ရသော ဇေ့ရဲ့ မျက်နှာလေးကို မြင်ယောင်ရင်း သူရိန် အရမ်း ဒေါသထွက်ရသည်။
ဒါပေမယ့်လည်း . . . . ဘုန်းမြတ်သွေးရဲ့ ကောက်ကျစ်တဲ့ အကြံတွေကို သိလျက်နဲ့ ဇေက ဘုန်းမြတ်သွေးကို သာလျင် တကယ် ရွေးချယ်လိုက်ပြီမို့
ဇေ့ရဲ့ အချစ်ကို တနေ့မှာ သူ ရရှိလိမ့်မည် ဟူသော မျှော်လင့်ချက်နဲ့ သူ မနေသင့်တော့ ဟု ထင်ပါသည်။
အချိန်အကြာကြီး သူရိန်ရဲ့ နှလုံးသား ထဲမှာ ရှိနေခဲ့သော ဇေ့ကို မေ့ပစ်ဖို့ ဆိုတာက ဘယ်လိုမှ ဖြစ်နိုင်မည် မဟုတ် ။
ဇေ့ကို မေ့ပြစ်ဖို့ အတွေးနဲ့တင် သူရိန်ရဲ့ နှလုံးသား တခုလုံး ဆုတ်ပြတ်သွားသလို ခံစားရသည်။
သူရိန့် အတွက် ဇေ့ကို လွယ်လွယ်လေးနဲ့ မေ့ပြစ်နိုင်ဖို့ အင်အားများ လိုအပ်သည်။
" ဇေ့ကို မေ့နိုင်ဖို့ အင်အားတွေ တပည့်တော်ကို ပေးသနားတော်မူပါ ဘုရား . . . . "
သူ့ရဲ့ ဆုတောင်းလေး အဆုံးမှာ ရုပ်တရက် မြည်လာသော ဖုန်းသံကြောင့် လန့်သွားမိပြီး
ဖုန်းခေါ်လာသူက သူ မျှော်လင့်နေသော လူတော့ မဟုတ်ခဲ့ . . . .
"ဟယ်လို ရန်ရန် "
ဇေ့ရဲ့ ညီ၀မ်းကွဲ ရန်ရန် ဆီမှ ဖြစ်နေသည်။
" . . . . ခင်ဗျား ငိုနေတာလား ?"
သူ ၀မ်းနည်းနေသည်ကို သရုပ်ဆောင် ကောင်း တယောက် ပီသစွာ အကောင်းဆုံး ဖုံးကွယ်ထားပေမယ့် . . . .
သူ့ အသံကို ထွင်းဖောက် မြင်နိုင်သော ရန်ရန် ဖြစ်သည်။
" မငိုပါဘူး "
သူ လိမ်လိုက်ပေမယ့် သိနေသည် ။ရန်ရန့်ကို လိမ်လို့ မရမည်ကို . . . .
ရန်ရန် အတွက်တော့ သူက အမြဲ ဖတ်ရလွယ်သော စာအုပ် တအုပ် ဖြစ်သည်။

YOU ARE READING
Hire . Com (Be My Rental Boyfriend Forever!)
Teen Fictionရည်းစား အတု၊ မိဘ အတု၊ မိသားစု အတု ၊ သူငယ်ချင်း အတု အစရှိသော fake relationship အငှား ၀န်ဆောင်မှုပေးသော Hire.Com ရဲ့ ပိုင်ရှင် သူဌေး ပေါက်စ 'ဇေလင်းလက်' ထို သူဌေးပေါက်စကို တသက်လုံး အတွက် fake boyfriend အဖြစ် လာငှားသူက Super High Boss ' ဘုန်းမြတ်သွေး'...